အခန်း (၁၃၈)

1.8K 153 4
                                    


အခန်း (၁၃၈) : ဘာလို့ ငါပဲ ဖြစ်နေတာလဲ

အဲလ်ဗစ်က အူနှစ်ခွေနှင့် ပြန်ရောက်လာသည့်ခါ စန္ဒီက ဘိုဒီနှင့်အခြားလူများကို မီးဖိုဆောက်ပြီး ရေနွေးအိုး တည်ခိုင်းထားပြီးလေပြီ။

အဲလ်ဗစ်က ပွက်ပွက်ဆူနေသည့် ရေနွေးကို ကြည့်ပြီး တော်တော် အံ့အားသင့်မိသွားသည်။ သူ့လက်ထဲက အူအနံ့များက ပြင်းလှသည့်အတွက် ဂူမန်မန်နား မကပ်ရဲချေ။ သူက ဝေးဝေးမှာ ရပ်နေပြီး ပြောလိုက်သည် "ရှောင်မန်... ဒီဟာတွေ လိုသေးလား...."

ဂူမန်မန်က လှည့်ကြည့်လိုက်သည့်အခါ အဲလ်ဗစ်က သူမ လက်မောင်း‌လောက် တုတ်သည့် အူတွေ သယ်လာတာကို မြင်လိုက်ရသည်။ သွေးသံရဲရဲ အူများက အဝါရောင်အရည်တွေ တစက်စက် ကျနေပြီး ဆိုးရွားလှသည့် အနံ့က ဂူမန်မန်ကို အန်ထွက်လုမတတ် ဖြစ်စေသည်။ သို့သော် ဒဏ်ရာရနေသော အာဒီလီအတွက် သူမက အံ့ကိုကြိတ်ကာ ပြောလိုက်သည် "အင်း အဲဒါတွေက အရမ်းအရေးကြီးတယ်..."

အဲလ်ဗစ် အနံ့အာရုံက ဂူမန်မန်ထက် ပို၍ အာရုံကောင်းသည်။ ကလီစာများ၏ အနံ့ဆိုးဆိုးက သူ့အား အသက်ရှုမတတ် ဖြစ်စေသော်လည်း ထိုအရာများက ဂူမန်မန် လိုချင်သော အရာ ဖြစ်နေသည့်အတွက် လွင့်ပစ်ချင်သည့်စိတ်ကို ချိုးနှိမ်ပြီး တစ်လမ်းလုံး သယ်လာခြင်း ဖြစ်သည်။ သို့သော်လည်း သူက ထိုအနံ့ဆိုးဆိုးများကို ဂူမန်မန်ဆီ လှမ်းမပေးချင်ပေ။

ဂူမန်မန်က သူမကိုယ်တိုင် ဆေးကြောရန် ဆန္ဒမရှိပေ။ သူမက ကြင်နာသော်လည်း မယ်တော် မယ်ရီလောက်အထိတော့ မဟုတ်ပေ။ ထို့ကြောင့် သူမက ပြန်လှည့်လိုက်ပြီး ဘိုဒီကို စေခိုင်းလိုက်သည် "ဘိုဒီ ဒီဝက်ဝံအူတွေကို ဆေးလိုက် ... အတွင်းရော အပြင်ရော အကြမ်းဖျင်း သန့်ရှင်းလိုက်..."

ဘိုဒီက စားပွဲကို ထုကာ "ဘာလို့ ငါပဲ ဖြစ်နေတာလဲ...."

ဂူမန်မန်က သူမလက်ကို ဖြန့်လိုက်ပြီး ပြောလိုက်သည် "ရှင့်နာမည် တစ်ခုပဲ မှတ်မိတာကိုးလို့...."

ဘိုဒီက သူ့ဘာသာ တွေးလိုက်တော့သည် "သေစမ်း သေစမ်း..."

သို့သော်လည်း သူက ကူကယ်ရာမဲ့ ဖြစ်နေလေသည်။ ဂူမန်မန်တွင် အားကောင်းသော နောက်ခံရှိသည့်အတွက် သူမကို ပြန်မပြောရဲချေ။ အားကောင်းလှသော အငွေ့အသက်များကို လွင့်ထုတ်နေသည့် အဲလ်ဗစ်နှင့် လီရာကို အသာထား စိတ်မပျော်မရွှင် ဖြစ်နေသည့် စန္ဒီပုံလေးကပင် ဘိုဒီကျောရိုးတစ်လျောက် ကြက်သီးများ ထမိသွားသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Tahanan ng mga kuwento. Tumuklas ngayon