အခန်း (၁၂၉)

1.8K 162 3
                                    


အခန်း (၁၂၉) : ဂူမန်မန်၏ ပြန်လည်ရှင်သန်ခြင်း အရည်အချင်း

အဲလ်ဗစ်က ဂူမန်မန်၏ ငိုကြွေးမှုကို ကြားသော်လည်း အားကို မထိန်းချုပ်နိင်ပေ။ သူက သူမကို အနည်းငယ် လွတ်ပေးလိုက်ရုံဖြင့် လေလိုမျိုး ပျောက်ကွယ်သွားမည်ကို စိုးထိတ်နေမိသည်။

"အဲလ်ဗစ်.." တင်းကြပ်စွာ ဖက်ထားမှုကြောင့် ဂူမန်မန် က သူမ အရိုးကျိုးသံများပင် ကြားနေရပေမဲ့ အဲလ်ဗစ်ကို မဆူရက်ပေ။ ထို့ကြောင့် နာမည်လေးသာ ခေါ်ဆိုလိုက်သည်။

"ရှောင်မန် ကိုယ့်ကို ထားမသွားပါနဲ့..." အဲလ်ဗစ်က ပြောလိုက်သည်။

ဂူမန်မန်က တိတ်တဆိတ် နေနေသော်လည်း သူမ မလုပ်နိုင်သည့်အရာကို မည်ကဲ့သို့ ကတိပေးရမည်နည်း....

"ကိုယ်က ပထမပါတနာ နေရာအတွက် မလုပါဘူး မင်း သူ့ကို လုံးဝမမေ့နိုင်သေးသရွေ့.... သားပေါက်လေးတွေရော မိတ်လိုက်ဖို့ရော နည်းနည်းလေးတောင် မတောင်းဆိုပါဘူး ကိုယ်က မင်းကို ဘေးနားမှာ ရှိစေချင်ရုံလေးပါ ကိုယ် မင်းကို စောင့်ရှောက်ပေးပါရစေ ကျေူးဇူးပြုပြီး မသွားပါနဲ့ အဝေးထွက်မသွားပါနဲ့...."

ဂူမန်မန်က ခဏတာ ကြောင်သွားပြီးတော့ အဲလ်ဗစ် ရည်ညွန်းနေသည့် 'သူ' ဆိုတာက ယူရှီဂျင်းကို ဆိုလိုမှန်း သတိပြုမိလိုက်သည်။ ကူကယ်ရာမဲ့ ခံစားလိုက်ရပြီး သူမက သက်ပြင်းသာ ချလိုက်တော့သည်။ ထိုလူက ဇာတ်ကောင် ဖြစ်သော်လည်း အနည်းဆုံးတော့ အရေးကြီးဆုံး ကိစ္စမှ လွတ်မြောက်သွားအောင် ကူညီပေးလိုက်နိုင်သည်။ သူမက ဆောင်ဂျွန်ကိနှင့် ပေးစားခံရလို့ ဆုံးရှုံးစရာ မရှိပေ။

အဲလ်ဗစ်က သူမသည် အချစ်ဟောင်းကို မမေ့နိုင်သေးဘူးဟု တစ်ထစ်ချ ယုံကြည်ကာ သူမက သူ့ကို လုံးဝမမေ့နိုင်သရွေ့ သူမနှင့် ဟိုလိုဒီလို မလုပ်ဟု ကတိအတန်တန် ပေးနေခြင်း ဖြစ်သည်။ သူမက အဲလ်ဗစ်သည် သူမအပေါ်တွင် စိတ်ဝင်စားမှု တဖြေးဖြေးလျော့လာပြီး မိတ်လိုက်ချင်သည့် အတွေးကို လက်လျော့သွားအောင် စောင့်ရမည်။

အမျိုးသားများက ဒီလိုတွေများလား.... သူတို့က ဘယ်လောက်တောင် အချစ်အတွက် စိတ်အားထက်သန်နေကြတာလဲ...

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now