အခန်း (၁၄၆)

1.8K 146 9
                                    


အခန်း (၁၄၆) : အခု မဟုတ်ရင် ဘယ်တော့လဲ

ဂူမန်မန်က ယူရှီဂျင်း အကြောင်း ဆက်၍ မစနောက်ချင်တော့ပေ။

သူမက ဘေးတွင် လဲလျောင်းနေသည့် အာဒီလီကို ချောင်းကြည့်လိုက်သည့်အခါ သူက အရင်ထက်စာလျှင် အတော်လေး ပြန်ကောင်းနေလေ၏။ ဂူမန်မန်က သားရဲများ၏ ပြန်ကောင်းနိုင်စွမ်းကို မလေးစားဘဲ မနေနိုင်တော့ချေ။ သေရေးရှင်ရေး အခြေအနေမှ ရေချိုးသကဲ့သို့ အားထုတ်မှု အသေးစားလေးဖြင့် ပြန်ကောင်းသွားရောလား.....

အကယ်၍ သူမက တခြားအမျိုးသားများကို ဂရုစိုက်နေလျှင် အထင်လွဲမှုတွေ ဖြစ်လာနိုင်လေ၏။ ဂူမန်မန်က လီရာ၏ စူးစူးစိုက်စိုက် အကြည့်ဖြင့် ဆုံသွားသည့်အခါ ရှက်သွေးဖြာသွားလေ၏။

သူမက ပြုံးလိုက်ပြီး အဝေးကို အကြည့်လွဲလိုက်သော်လည်း သူမ နှလုံးသားတွင် ချိုမြိန်နေဆဲ ဖြစ်၏။

စန္ဒီလက်ကို ဆွဲထားရင်း ဂူမန်မန်က ပြန်ဖြေလိုက်သည် "မဟုတ်ဘူး ကျွန်မ မပြန်သေးဘူး ... ကျွန်မရဲ့ ဘေဘီစန္ဒီလေးနဲ့ မခွဲနိုင်ဘူး....."

စန္ဒီက ဂူမန်မန် ခါးကို ဖက်ထားလိုက်ပြီး သူမ ရင်ခွင်ထဲ ဝင်နေလိုက်ပြီး ပွတ်သီးပွတ်သပ်လုပ်နေကာ သူမ နားရွက်အမွေးလေးများက ဂူမန်မန် မေးဖျားလာထိနေသောကြောင့် တခစ်ခစ် မရယ်မောဘဲ မနေနိုင်တော့ချေ။

"ဟုတ်ပြီလေ နင် ဗိုက်မဝသေးဘူးမလား ... ငါ နောက်ထပ် ချက်ဖို့ အိုးယူလာတယ်...."

"တကယ်လား...." စန္ဒီ အာဒီလီအခြေအနေ တည်ငြိမ်သွားသည်နှင့် ၏ ဇူဇကာ ပုံစံက ပြန်ပေါ်လာလေ၏။

ဂူမန်မန်က ကျောက်အိုးကို လက်ညိုးထိုးပြလိုက်ပြီး ပြောလိုက်သည် "ကြည့်လေ... ချက်ပြုတ်ရမဲ့ အိုးတောင် ယူလာပြီးပြီ ... ဘယ်လိုလုပ် လိမ်ရမှာလဲ...."

စန္ဒီဲက မြန်မြန် ခေါင်းညိတ်ပြလိုက်ကာ သူမ မျက်လုံးများသည် အိုးကို မြင်ပြီး တဖိတ်ဖိတ် တောက်ပနေလေ၏။

ကမ္ဘာကြီးကို ကောင်းကောင်းမမြင်ဖူးသေးတဲ့ စန္ဒီကို ခွင့်လွတ်ပေးလိုက်ကြပါ...

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now