အခန်း (162) ( U & Z )

1.8K 183 11
                                    

အခန်း (၁၆၂) : နှစ်ဉီးသဘောတူ ကိစ္စရပ်

“ဘာလို့လဲ” ဂူမန်မန် အေးစက်စက် ပြုံးကာ မေးလိုက်သည်။ သူမ မျက်ရည်တွေ ထိန်းမရ သိမ်းမရကျလာသည့်အထိ လီရာက ဘာတစ်ခွန်းမှ ရှင်းမပြပေ။

ဂူမန်မန်က နာကျင်မှုကို မြိုသိပ်လိုက်သည်။ သူမ နာကျင်ရသည့် အကြောင်းအရင်းကိုလည်း မရှာဖွေချင်တော့ပေ။ သူမရဲ့ တောက်ပသော အပြုံးလေးကို လီရာ့ ပြန်ခေါ်ဖို့သာ သုံးချင်သည်။

လီရာက ရပ်နေတဲ့နေရာက တစ်လှမ်းမှမရွေ့ပေ။ သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးကိုဆင်မြန်းထားရင်း ဂူမန်မန်ကို ပြောလိုက်သည်။

“ဆောင်း ဝင်တော့မယ် ..... ”

ဂူမန်မန်က လီရာ ပြောတာကို နားမလည်သော်လည်း  မျက်ရည်တွေကို သုတ်လိုက်ပြီး လီရာ့ကို စိုက်ကြည့်ကာ သူ ဆက်ပြောမယ့် စကားကိုစောင့်နေလိုက်သည်။

လီရာက ဂူမန်မန်ဆီကနေ အကြည့်လွှဲလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ဆက်ပြောလိုက်သည်။ “ကိုယ်က အရွယ်ရောက်ပြီးတဲ့သူ ဖြစ်တာမလို့ မိတ်မလိုက်ဘူးဆိုရင် ကျန်းမာသန်စွမ်းတဲ့ သားပေါက်လေးတွေ မွေးနိုင်မှာ မဟုတ်ဘူးလေ။”

ဂူမန်မန်သည် ခေါင်းပေါက်ထွက်တော့မလို  ခံစားလိုက်ရသည်။ သူမသည် မိတ်လိုက်ဖို့စိတ်ကူးမရှိသည့်အတွက် လီရာက သူမကိုထားသွားခြင်းဖြစ်မယ်ဆိုသော အတွေးကိုသာ တောက်လျှောက်တွေးနေမိတော့သည်။

ဟုတ်သားပဲ အစကတည်းက လီရာ့ကို ချစ်သူအဖြစ်ပဲလက်ခံခဲ့တာ။ လီရာ သူမကို ဖွင့်ပြောတော့ သူမက ချစ်သူအဖြစ်ပဲ လက်ခံတာမလို့ သူမ ပေါ်တွင်ရှိသော စိတ်ကို လျှော့ထားရန် ရှင်းရှင်းလင်းလင်းပြောခဲ့သည်။

သူမက စဉ်းစားကြည့်ပြီးနောက် ဒီအရာသည် နှစ်ဉီးသဘောတူ ကိစ္စဖြစ်ကြောင်း တွေးမိသည်။

အခုဆိုရင် လီရာက သဘောမတူချင်တော့ပေ။

ဂူမန်မန်က တစ်ကိုယ်လုံး တုန်လှုပ်ကာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ငိုနေသည့်အတွက် လီရာကို စိုက်ကြည့်ရုံမှတစ်ပါး ဘာမှမပြောနိုင်တော့ပေ။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now