အခန်း (239)

2K 212 16
                                    

အခန်း (၂၃၉) : ရှင်အခွင့်ကောင်း မယူတတ်ဘူး ဟုတ်လား

ဂူမန်မန် ခေါင်းညိတ်လိုက်ကာ ရှိုက်ရင်းပြောလိုက်သည်

“ လီရာ မြန်မြန် အဲလ်ဗစ်ကို ကယ်ပါဉီး”

လီရာ ဖွဖွလေးပြုံးကာ ဝင်ပေါက်မှာပဲရပ်နေပြီး လုံးဝ မလှုပ်ပေ။ သူခဏ ငြိမ်နေရာမှ စကားပြောသည်

“ ကိုယ်တို့က ပြိုင်ဘက်တွေလေ။ သူသေတာ ကိုယ့်အတွက် သတင်းကောင်းပဲ”

“လီရာ ” ဂူမန်မန် အကျယ်ကြီး အော်ခေါ်လိုက်သည်။

လီရာ တောင့်တင်းသွားကာ မပြုံးနိုင်တောင် ဖြစ်သွားရသည်။

ဒီတစ်ခါ တခြားအမျိုးသားတစ်ယောက်အတွက် သူမက လီရာ့ကို စိုက်ကြည့်ပြီး သူနာမည်ကို ကျယ်လောင်စွာ အော်လိုက်ခြင်းဖြစ်သည်။

လီရာ အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်လုပ်ပြီးမှ ဆက်ပြောသည်

“ ဒါဆို မင်း သူ့ကို ကယ်စေချင်ရင် အချက်သုံးချက်ကို သဘောတူပေးရမယ်။”

ဂူမန်မန် သွားကြိတ်ကာ ပြောလိုက်သည် “ သေချာတာပေါ့။ သူ့ကိုသာ ကယ်နိုင်မယ်ဆိုရင် သုံးချက်လောက် မပြောနဲ့ အချက်သုံးရာကိုပါ သဘောတူပေးနိုင်တယ်။”

လီရာ ခေါင်းညိတ်လိုက်ပြီး ဂူထဲသို့ ဝင်လာကာ ပြောလိုက်သည် “ ပထမအချက်က ဆောင်းတွင်းအတွက် ကိုယ် ဒီမှာနေမယ်”

လီရာ နောက်ထပ်ထပ်ပြောသည့်အခါ ဂူမန်မန် ဘာမှ မပြောသေးပေ “ အဲလ်ဗစ်ကို ဂရုစိုက်ဖို့ လိုအပ်တယ်။ မင်း ကိုယ့်ကို နှင်းထဲမှာတော့ ပစ်မထားဘူးမလား”

အပြင်မှာ ကျနေသော နှင်းတွေကို ဂူမန်မန် ကြည့်လိုက်ကာ သဘောတူလိုက်သည် “ အဲလ်ဗစ် ဂူက ကြီးပါတယ်။ ရှင့်အတွက် အိပ်စရာနေရာရှိပါတယ်”

ဒုတိယခြေလှမ်းလှမ်းကာ ထပ်ပြောလိုက်သည် “ ဒုတိယ အချက်က အပြင်က နှင်းတွေက ဆောင်းမကုန်ခင် အရည်ပျော်သွားနိုင်တယ်။ ကိုယ် အဲလ်ဗစ်ကို ကုပေးတဲ့အနေနဲ့ မင်း ကိုယ့်ကို ‘ကိုယ့် ပျော်ရွှင်မှုလေး’ သီချင်းကို နေ့တိုင်း တစ်ခါစီ ဆိုပြရမယ်”

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now