အခန်း (၁၂၀)

1.9K 164 3
                                    


အခန်း (၁၂၀) : ဗျူဟာနှင့်သာ နှလုံးသားကို သိမ်းနိုင်လိမ့်မည်

ဂူမန်မန်၏ အမူအယာကို မြင်ကာ အဲလ်ဗစ်က သူမအဖြေကို တန်းသိလိုက်သည်။ သူ့၏ စိတ်ပျက်မှုကို ခက်ခက်ခဲခဲ ဖုံးထားလိုက်သော်လည်း သူက ဘာမှ မပြောရက်ပေ။ ဂူမန်မန်ကိုသာ လက်မောင်းထဲ ဆွဲပွေ့ထားလိုက်ပြီး သူမခေါင်းပေါ် မေးတင်ကာ မေးလိုက်သည် "အဲဆို မင်းတို့ မျိုးနွယ်စုမှာ အမျိုးသား ပါတနာတွေကို ဘယ်လို ခေါ်တာလဲ ..."

ဂူမန်မန်က ဌက်ကုလားအုတ်ကဲ့သို့ အဲလ်ဗစ်ရင်ခွင်ထဲ တိုးဝှေ့နေကာ မလုံမလဲဖြင့် "ခင်ပွန်း..."

"တော်တယ်.." အဲလ်ဗစ်နှုတ်ခမ်းများက တွန့်ချိုးသွားကာ မှင်သက်ဖွယ် အပြုံးမျိုး ဖြစ်ပေါ်လာသည်။

သူ့ကိုယ်သူ လှည့်ဖျားနေသည်ဟုပင် ပြောရမလား သို့မဟုတ် သူ့ခေါင်းကို မြေကြီးထဲ မြှပ်ထားပြီးတော့ နောက်ဆုံးမှ သူမ ပြောသည်ကို နားနှင့် ဆတ်ဆတ် နားထောင်ခဲသည်ဟု ပြောရမလား ....

ဂူမန်မန်က ရှက်သွေးဖြာသွားပြီး ခေါင်းဆောင်ရဲ့ ဗျူဟာတွေက ပင်လယ်ကြီးလောက် နက်နဲလွန်းတယ်....

သူမက အဲလ်ဗစ် လှည့်ဖျားမှု နောက်တစ်ကြိမ် ခံရသည်လား... မြေခွေးများက မရိုးသားဘူး လှည့်ဖျားတတ်သည်ဟု မပြောကြဘူးလား.... လီရာက သူမကို မလှည့်စားဘဲ အဲလ်ဗစ်က ထပ်ခါ ထပ်ခါ လှည့်စားနေရတာလဲ ... ပြီး‌တော့ သူမ စိတ်လှုပ်ရှားလွန်းပြီး ဘာမှ ပြန်မပြောနိင်တော့သည့်အထိ လှည့်စားရလား....

ဂူမန်မန်က သူမနှလုံးသားလေး အရိုင်းဆန်စွာ ခုန်ပေါက်နေစဉ် စန္ဒီ၏ သနားစဖွယ် အော်ခေါ်သံကို ကြားလိုက်ရ၏ "ဂူမန်မန်..."

ဂူမန်မန်က အဲလ်ဗစ်ရင်ခွင်ထဲမှ ခေါင်းလေး ပြူကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေသည့် အမူအယာဖြစ်လာသော စန္ဒီကို ကြည့်လိုက်သည်။ သူမအကြည့်များက အမှန်ပင် ချစ်ဖို့ ကောင်းလှ၏။ ဂူမန်မန်က ထိုအခြေအနေကို အခွင့်ကောင်းယူကာ အဲလ်ဗစ်ရင်ခွင်ထဲမှ ထွက်လာပြီး စန္ဒီ သွားလိုက်တော့သည်။ သူမလက်ကို ကိုင်ထားပြီးတော့ မေးလိုက်သည် "ဘာဖြစ်လို့လဲ ဘယ်သူက ငါတို့ရဲ့ ချစ်စဖွယ် စန္ဒီကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ...."

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now