အခန်း (163) ( U & Z )

1.8K 206 13
                                    

အခန်း (၁၆၃) : ဂူမန်မန် မင်းက သိပ်တစ်ကိုယ်ကောင်းဆန်တာပဲ

“ကျမ သူ့ကိုရိုက်တော့ရော ဘာဖြစ်လဲ၊ ရှင်ဘာလုပ်မှာလဲ။ ကျမကိုသတ်မှာလား...” ဂူမန်မန် ခေါင်းမော့ထားရင်း အံ့ကျိတ်ပြောလိုက်သည်။

ဘာလဲ၊ သူမက ငါ့ရည်းစားကိုလုတာကို ဒီတိုင်းငြိမ်ခံနေရတော့မှာလား။ အဲ့လိုသာဆိုရင်တော့ သည်းခံနိုင်စွမ်းတွေရှိလွန်းလို့ ဘုရားပဲ လုပ်လိုက်တော့မယ်။

လီရာက ခေါင်းကိုယမ်းပြီး ပြောလိုက်သည် “ကိုယ်မလုပ်ပါဘူး”

ဂူမန်မန်၏ မျက်လုံးတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာရသည်။

ခဏကြာတော့ လီရာက ထပ်ပြောသည် “သူမကို ရိုက်ဖို့လည်းခွင့်မပြုနိုင်ဘူး”

ဂူမန်မန် ခေါင်းကိုငုံ့လိုက်ကာ နာကျည်းစွာ  ပြုံးလိုက်ရင်း  နားလည်ကြောင်း  ပြလိုက်သည်။ လီရာက သူမကို လွှတ်ပေးလိုက်ပြီး သူမ နီနာ့ကို နာကျင်အောင် လုပ်လို့မရအောင် ကာကွယ်သောအနေဖြင့် သူမနဲ့နီနာကြားမှာ ရပ်လိုက်သည်။

“ကောင်းတယ် သိပ်ကိုကောင်းတယ်”

ဂူမန်မန် နောက်ကိုအနည်းငယ် ဆုတ်ပြီးနောက် နာနေတဲ့လက်ကို တခြားလက်တစ်ဖက်နဲ့ သက်သာအောင်လုပ်နေသည်။ သူမက လီရာ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။

“ရှင် ခုလိုဘေးကင်းတယ်ဆိုတာ သိရတော့ကျမ ကျေနပ်ပါတယ်၊ ရှင် ကျမနဲ့ အတူရှိနေ မပေးတော့ရင်တောင် ရှင်ပျော်ရွှင်ပါစေလို့ ကျမ ဆုတောင်းပေးနေမယ်”

ဂူမန်မန် စကားပြောပြီးနောက် သူမ ခြေထောက်ကို တစ်လှမ်းချင်း ခက်ခက်ခဲခဲ သယ်ရင်း ပြန်သွားခဲ့သည်။

နီနာ့စကားတွေက ဂူမန်မန် နှလုံးသားကို အချွန်နဲ့ ထိုးလိုက်သလိုပင်။ နှလုံးတစ်ချက်ခုန်တိုင်း နာကျင်မှုကို ပို၍ပင်ခံစားလာရသည်။

ဂူမန်မန် နင်က သိပ်ကိုတစ်ကိုယ်ကောင်းဆန်တယ်။ နင်သာ ဘာမှလုပ်မပေးနိုင်ဘူးဆိုရင် လီရာ့ကိုပိုင်ဆိုင်ဖို့ ဘာအရည်အချင်းများရှိလို့လဲ။

သူမခြေလှမ်းတွေဟာ အရမ်းကိုလေးလံနေသည်။

ဂူမန်မန် လေးငါးလှမ်းလျှောက်ပြီးနောက် သူမ အားအင်တွေကုန်ဆုံးသွားသလို ခံစားရသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Onde histórias criam vida. Descubra agora