chapter 101 (Z)

4.2K 145 4
                                    


အခန်း (၁၀၁) : နှစ်လိုဖွယ် သာယာမှု အခြေအနေ

ဂူမန်မန်သည် စိတ်ထဲမှ ပြောဆိုနေစဉ်  အမျိုးသား အုပ်စုကြီးသည် အပြေးအလွှား ပြန်ရောက်လာကြ၏။

ဂူမန်မန်သည် အမျိုးသားများလက်မှ လိုတာထက်ပိုကာ သယ်ဆောင်လာသည့် သားကောင်များကို မြင်ကာ သူမ သွေးတွေ ခဲကုန်ပြီဟု ခံစားမိလိုက်၏။

သေစမ်း..... ပထမအကြည့်တွင် အကာအကွယ်ပေးထားသည့် ကျား၊ ခြင်္သေ့၊ ဝက်ဝံနှင့် အခြားသော အမည်မသိ တိရစ္ဆာန်များစွာကို တွေ့လိုက်ရသည်။ သို့သော် သူမသည် ထိုအကောင်များက အဖိုးတန်ကြောင်း သိ၏။ တစ်ဖက်တွင်လည်း အမျိုးသားများသည် တိရစ္ဆာန်များကို ဂေါ်ဖီမုန်လာထုပ်များကဲ့သို့ ပစ်နေပြီး ဘိုဒီ၊ လီရာနှင့် အဲလ်ဗစ် ဖမ်းထားသည့် ငါးများနှင့်အတူတူ အပုံလိုက်ကြီး ဖြစ်သွားလေသည်။

ဘာတွေလဲ.....

ဂူမန်မန်သည် မွန်းကျပ်မှုကို ခံစားလိုက်ရပြီး ကောင်းကင်ကို တိတ်တဆိတ် မေးလိုက်မိသည် "သားရဲနတ်ဘုရားက ဒီလိုမျိုး ဖြုန်းတီးပစ်နေတာကို ဂရုမစိုက်ဘူးလား....."

လီရာသည် ဂူမန်မန်ကြည့်ရာ လိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကား လှပစွာ ကွေးညွှတ်သွားလေသည်။ ထိုအမျိုးသားများသည် စတေးမှုအကြီးကြီး လုပ်ရန်ပင် ဆန္ဒရှိကြ၏။ ဆောင်းဝင်တော့မည် ဖြစ်သည့်အတွက် ထိုဝှက်ထားသောသားကောင်များသည် အရင်ကတည်းမှ အမဲလိုက်ထားသည်များဖြစ်ကာ ဆောင်းကို အံ့တုသည့်အခါ ခံနိုင်ရည်မရှိသည့်အချိန်အတွက် စုဆောင်းထားကြခြင်း ဖြစ်၏။

ဂူမန်မန်အား စိတ်ကျေနပ်စေရန် သူတိုသည် ဆောင်းအတွက် အမဲလိုက်ထားသည့် သားကောင်များကို ထုတ်ယူလာကြ၏။ သူတို့သည် အမှန်တကယ်ပင် အချစ်ကြောင့် စုံလုံးကန်းနေလေချေပြီ။

"မင်းသဘောကျရဲ့လား....." ဂူမန်မန်သည် သူတို့အား ကြည့်နေသည်ကို မြင်သောအခါ သူလဲ မနေနိုင်ဘဲ မေးလိုက်မိ၏ "ငါနဲ့ အဲလ်ဗစ်လဲ အစာတွေ စုထားတာရှိတယ်..... မင်းသဘောကျရင် ထပ်အမဲလိုက် သွားလိုက်မယ်လေ....."

"ထပ်အမဲလိုက်ဦးမှာလား....." ဂူမန်မန်သည် လီရာအား ကြည့်ကာ ခြောက်လန့်လိုသော်လည်း လီရာ၏ လှပသော မျက်ဝန်းအစုံဖြင် တွေ့သည့်အခါ နူးညံ့သွားလေသည်။ သူမသည် ပြုံးလိုက်ပြီး အသံကို နိမ့်ပြောလိုက်ကာ "လီရာ..... ဒါတွေ အရင်စားရအောင်လေ.... မကုန်ရင် အလကားဖြစ်သွားလိမ့်မယ်....."

သူမသည် ထိုသို့ပြောလိုက်သော်လည်း သူမသည် ငါးကိုစားရန် ဆုံးဖြတ်ထား၏။

သေစမ်း....ကျားတွေ ဘာတွေတော့ သူမ မစားရဲပေ။

"ကောင်းပြီ.... မင်းစကား နားထောင်ပါ့မယ်......" လီရာသည် ဂူမန်မန်ကို ခွန့်တ်ဆီမှ ကယ်တင်ကာ မျိုးနွယ်စုဆီ ပြန်ခေါ်လာသည့် အခါလိုမျိုး လွတ်ပေးဖို့ အစီအစဉ်မရှိဘဲ ဆက်လက်၍ ဖက်ထားလေသည်။

အသားအပုံကြီးကို မြင်ပြီး ဂူမန်မန်သည် လီရာလက်ထဲမှ ဆင်းလိုက်သည်။ လက်ကို နောက်ပစ်ကာ ခေါင်းကို ဘယ်ညာယမ်းရင်း အကြော့လျော့လိုက်၏။ သူမသည် "နေမင်း၏ မျိုးဆက်သစ်များ အတွဲ (၂)" ဇာတ်လမ်းရိုက်နေသကဲ့သို့  ပြုမူနေသည်။ ဤနေရာတွင် ဆောင်ဂျွန်ကိ မရှိသော်လည်း သူမသည် နတ်ဆိုးအမျိးသမီးနည်းပြ အဖြစ် လုပ်ဆောင်နေ၏။ သို့သော် လီရာနှင့် အဲလ်ဗစ်အပြင် အမျိုးသားတစ်အုပ်စုလုံးကို စိတ်တိုင်းကျ စနောက်နိုင်၏။ ဂျွတ် ဂျွတ်..... ထိုအသံကား စကးဖြင့် ဖော်ပြ၍ မရနိုင်သော သာယာသော ခံစားချက်ကို ဆောင်ယူလာပေး၏။

"ဂူမန်မန်.... ဒီနေ့ ငါအမဲလိုက်ခဲ့တဲ့ ကျားက ဒီနေရာက ကျားဘုရင်ပဲ.... သားရဲတွေအထဲမှာ အကောင်းဆုံးပဲ..... အဲဒါက သန်မာပြီး နေ့တိုင်း အလတ်ဆတ်ဆုံး တိရစ္ဆာန်လေးတွေကို စားထားတာ....." ဂူမန်မန် အမည်တောင် မမှတ်မိသော အမျိုးသားသည် လာပြောလေသည်။ ထိုလူကား လီရာနှင့် အဲလ်ဗစ်တို့နှင့် ခန့်ညားမှု မယှဉ်နိုင်ပေ။

ဂူမန်မန်သည် လက်မထောင်ပြပြီး ပြောလိုက်သည် "ကောင်းတယ်....ကောင်းတယ်..... ရှင်က ဝူဆောင် ဖြစ်နိုင်တယ်....."

ကျားအမဲလိုက်ခဲ့သည့် အမျိုးသားသည် သူ့ကိုယ်သူ ရေရွတ်လိုက်၏ ..... ဝူဆောင်က ဘာလဲ..... စကားလုံး အသစ်များလား..... ဘာရီတီကို ချီးကျုးသကဲ့သို့ လူသန်မာကြီးလို့များ ပြောချင်တာများလား..... သူတို့သည် တူညီလောက်၏။ မည်သူက အဓိပ္ပါယ်ကို ဂရုစိုက်နေမည်နည်း...... ဂူမန်မန်သည် သူ့ကို ချီးကျူးလိုက်ခြင်းသာ ဖြစ်၏။

"ကျားက ဘာမှ မဟုတ်သေးဘူး..... ဂူမန်မန် ဒီကို ကြည့်ကြည့်ပါဦး....." နောက်ထပ် အမျိုးသားသည် ဝူဆောင်ဟု ချီးကျူးခံရသော လူကို တွန်းတိုက်ကာ အဖြူရောင်မြေခွေးကို သယ်ဆောင်ရင်း ဂူမန်မန်အား ပေးလိုက်သည်။ သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ဒါက မြေခွေးအရိုင်းတွေကြားက နှင်းဖြူမြေခွေးအမပဲ..... ဒီလှပတဲ့ သတ္တဝါက အမြဲတမ်းဂူထဲ ပုန်းနေတတ်ပြီး အထီးတွေက စောင့်ရှောက်ပေးတာ စောင့်နေတာ...... ဒီအသားက အနူးညံ့ဆုံးနဲ့ အလတ်ဆတ်ဆုံးပဲ...... သွေးကတောင် သာမာန်ကျားတွေထက် ပိုချိုပြီး အရသာရှိသေးတယ်......."

အလှလေး ရှောင်မန် (Myanmar translation) Book 2Où les histoires vivent. Découvrez maintenant