အခန်း (၁၂၅) : လီရာက အရှေ့တိုင်းက ဘွဲ့ရလာတာလား...
လီရာက လက်ကို အနံ့ခံကြည့်လိုက်သောအခါ အနံ့တစ်ခု ရရှိလိုက်သည်။ ထိုသည်က နီနာကို လှည့်ဖျားခဲ့သည့် အဝါရောင် အမြစ်ပင် ဖြစ်နေသည်။
အမျိုးသမီးများကြားက ပဋိပက္ခတွေထဲ ဝင်ပါမိကြောင်း ဂူမန်မန်များ သိသွားလေသလားဟု လီရာ တစ်ယောက် စိုးထိတ်နေမိသွားသည်။
လီရာက အပေါ်ယံတွင် အေးဆေးသည့်ပုံပေါ်နေသော်လည်း စိတ်ထဲတွင် စိုးထိတ်လာသောကြောင့် နူးညံ့စွာ ပြောလိုက်တော့သည် "အဝါရောင် အမြစ်လေ"
"ဘယ်မှာလဲ ကျန်နေသေးလား နည်းနည်းလောက် ပေးပါ့လား .." ဂူမန်မန်က လီရာ၏ လက်ဖျံကို ဆွဲကိုင်လိုက်ပြီး အနားကပ်လိုက်တော့သည်။ သူမ စကားများဆုံးသည်နှင့် သူမ တစ်ကိုယ်လုံးကား လီရာနှာခေါင်းထိပ်ဖြင့် ထိတော့မတတ် ဖြစ်နေလေချေပြီ။
လီရာက ဂူမန်မန်၏ ရုတ်တရက် စိတ်လှုပ်ရှားမှုကြောင့် လွမ်းမိုးခံလိုက်ရသည်။ အဝါရောင် အမြစ်က ရှားပါး ပစ္စည်း မဟုတ်သော်လည်း သူမက ထိုအရာအပေါ်တွင် စိတ်အားထက်သန်နေရသနည်း....
သို့သော် သူမသာ ကြိုက်နှစ်သက်လျှင် နဇိုင်းရယ် မျိုးနွယ်စု ရှိ တောင်များအားလုံး ရှာရလျှင်ပင် သူလုပ်မည် ဖြစ်သည်။
"အင်း မင်း ဘယ်လောက်လိုချင်ချင် ကိုယ့်မှာ ရှိတယ်...." လီရာက ညင်သာစွာ ပြုံးလိုက်ရင်း ဂူမန်မန်ခေါင်းကို ဖွပေးလိုက်သည်။ ထို့နောက်တွင် သူ့၏ ဖြူဖြူဖွေးဖွေး အမွေးဖွာဖွာ အမြီးလေး ထွက်လာပြီး ဂူမန်မနရှေ့တွင် ယမ်းပြလိုက်သည်။ နောက်တစ်ခါ သူက မလိုတစ်ဝက်၊ လိုတဝက်နှင့် ယမ်းခါနေပြီး နောက်ဆုံးတွင် ဂူမန်မန်ကို ဖမ်းဖိုရာ ခွင့်ပြုလိုက်တော့သည်။
လီရာက ဂူမန်မန်လက်မှ ငါးညှီနံ့များ သူ့ဆီ စွဲကပ်လာမည်ကို စိတ်ထဲမထားပေ။ အလိုလိုက်ထားသည့်ဟန်ဖြင့် ဆော့ကစားနေသည့် သူမကိုသာ ငေးကြည့်နေမိသည်။ စမ်းချောင်းအနီးတွင် အဲလ်ဗစ်နှင့်အတူ မီးပုံလုပ်လိုက်ပြီးတော့ ငါးအစိမ်းကိုင်သည့် ဂူမန်မန်၏ နည်းလမ်းအသွယ်သွယ်ကို ရှင်းပြလိုက်တော့သည်။ လီရာက ဘိုဒီ၏ ငါးကင်ဖြစ်စဉ်နှင့် အဲလ်ဗစ်၏ ရှင်းပြမှုများဖြင့် သူ့အတွက်သူ ငါးကင် တစ်ကောင် ပြုလုပ်နိင်ခဲ့လေပြီ။
DU LIEST GERADE
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomantikThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)