အခန်း (241)

2K 199 4
                                    

အခန်း (၂၄၁) : ရှင့်ကိုယ်ရှင် အတွေးလွန်နေတာကလည်း အဖျားတစ်ခုပဲ။ ရှင် ကုသမှုခံယူမှ ဖြစ်မယ်

အိပ်ရာပေါ်မှာ ရှိတဲ့ အဲလ်ဗစ်က သူ့ကို ဘာတုံ့ပြန်မှုမှ မပေးပေ။ လီရာကလည်း ပြန်ပြောဖို့ကို မမျှော်လင့်ပဲ စကားဆက်ပြောသည်

“ လေလွင့်သားရဲတွေ ထွက်ပြေးသွားတာကို ငါမြင်လိုက်တယ်။ သူတို့ အစာအတွက် တိုက်ခိုက်ကြရင်း ဒဏ်ရာတွေ ရနေကြတယ်။ ပြီးတော့ အပြင်မှာ သေလုနီးပါးဖြစ်ပြီး အေးခဲနေကြတယ်”

ဂူမန်မန် စွတ်ပြုတ်သောက်နေသံကို အာရုံစိုက်နားထောင်နေတာကြောင့် လီရာ့အသံက တည်ငြိမ်နေသည်။

သူ နံရံတွေကို ဖောက်ထွင်းပြီးတော့သာ ထိုအမျိုးသမီးလေး စားနေတာကို ကြည့်ချင်နေမိသည်။

“ သူတို့တွေ မင်းကို နည်းနည်းလေးမှ နာကျင်အောင် လုပ်လို့မရပါဘူး။ ဒါကြောင့်….. မင်းက ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာ ရအောင်လုပ်ပြီး ငါ့အတွက် အခွင့်အရေးရအောင်  ဖန်တီးပေးလိုက်တာမလား။”

လီရာပြောပြီးနောက် အဲလ်ဗစ်ကိုကြည့်လိုက်သည်။ နာကျည်းစွာ ပြုံးလိုက်ရင်း သူ ခက်ခဲစွာ ဆက်ပြောသည်

“ ကျေးဇူးတင်ပါတယ်။ ပြီးတော့ စိတ်မပူပါနဲ့ ဒီတစ်ခါတော့ ဂူမန်မန်  အထင်လွဲတာမျိုး ထပ်မဖြစ်စေရဘူး”

လီရာ စကားပြောပြီးနောက် မတ်တပ်ရပ်ကာ အပြင်သို့ လမ်းလျှောက်ထွက်သွားသည်။

ဂူမန်မန် စားလို့ ပြီးသွားတာကြောင့် သူမ စားပြီးသော ပန်းကန်တွေကို သူသိမ်းမည်။

အိပ်ရာပေါ်လှဲနေသော အဲလ်ဗစ်သည် မျက်နှာကို တခြားနံရံတစ်ခုဖက်ကို လှည့်လိုက်သည်။ သူ ကြည့်စရာ ဘာမှမရှိသော်လည်း ဂူမန်မန်နှင့် တခြားတစ်ယောက် ရင်းနှီးနေတာကိုတော့ မရင်ဆိုင်နိုင်ပေ။

“မန်မန်” လီရာ ထွက်လာတော့ ဂူမန်မန် ဂူပေါက်မှာ ရှိတဲ့ နှင်းတုံးကိုကြိုးစားပန်းစား တူးနေသည်ကို တွေ့လိုက်ရသည်။ ဒီလိုနဲ့ သူမလက်က ပြန်ပြီးသွေးထွက်လာတော့မည်ဖြစ်သည်။

လီရာ ဂူမန်မန့် လက်ကောက်ဝတ်ကို ဆွဲလိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး နီရဲနေသော သူမလက်သည်းတွေကို ကြည့်ကာ မေးလိုက်သည်

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora