chapter 109 (Z)

1.5K 104 11
                                    


အခန်း (၁၀၉) : ငါ ရလာပြီ သွားကြစို့

ဂူမန်မန်က မျက်နှာသေဖြင့် ပြောလိုက်ကာ "ထားလိုက်တော့ ရှင့်တို့ကို အားမကိုးသင့်ဘူး ကိုယ့်ဘာသာပဲ သစ်ပင်ပေါ် တက်တော့မယ် ..." ဂူမန်မန်က ခေါင်းခါလိုက်ရင်း ထိုအမျိုးသား အုပ်စုနှင့် ဆက်ဆံမည့် အရေးကို လက်လျော့ကာ သူမဘာသာ ပျားအုံဆီ သွားလိုက်တော့သည်။ သို့သော် ကော်လင်းနှင့် အော့လေတို့သည် သူမဘာသာ သွားဖို့ မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ထို့ကြောင့် သူတို့က သူတို၏ စိတ်ကူးယဉ်အတွေးများကို သိမ်းဆည်းကာ မြန်မြန် လိုက်သွားလိုက်သည်။

ကော်လင်းက ဂူမန်မန်ရှေ့မှ ကာဆီးကာ သူ့ကိုယ်သူ ဒိုင်းအဖြစ် ပြုမူနေစဉ် အော့လေတစ်ယောက်ကား သူမနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာလေ၏။ အကယ်၍ အဝါရောင် စူးရှပိုးမွားများ ပြန်ရောက်လာပြီး တိုက်ခိုက်ပါက ဂူမန်မန်ကို ခေါ်ပြေးရန် အဆင့်သင့် ပြင်ထားလေ၏။

ဘိုဒီသည် ဂူမန်မန်က စိတ်ရှုပ်စရာ ကောင်းလှသည်ဟု ထင်သော်လည်း သူမက အဖိုးတန် အမျိုးသမီး ဖြစ်နေသေး၏။ ထို့အပြင် သူမသည် စန္ဒီ တန်ဖိုးထားရသော သူ တစ်ယောက် ဖြစ်နေပြန်သည်။ အန္တရာယ်သာ ကျရောက်လာပါက သူ့ကိုယ်သူ စတေး၍ သူမကို ကာကွယ်ရန် ပြင်ဆင်ထားလေသည်။ ထိုသည်က အမျိုးသား တစ်ယောက်၏ တာဝန် ဖြစ်၏။

ဂူမန်မန်က သက်ပြင်းချလိုက်တော့သည်။ ထိုပျားများက သွားတာ ကြာလှလေပြီ။ သို့သော် ထိုအမျိုးသားများက ရွာထဲ ဝင်စီးသည့် ဂျပန် စစ်သားများကဲ့သို့  နယ်မြေ ရှင်းလင်းရေးအတွက် ရှေ့သို့ ဦးတည်နေကြလေသည်။ သေစမ်း သူတို့ ပျားအုံဆီ ရောက်သည့်အခါ ပျားများပင် ပြန်ရောက်လာလောက်လေပြီ။

"ကြောက်နေရင် တခြားနေရာ သွားနေပါ့လား ကျွန်မရဲ့ အဝါရောင် အနှစ် စုဆောင်းတာကို လိုက်မနှောင့်နှေးပါနဲ့လား..." ဂူမန်မန်က သူမရှေ့တွင် ပိတ်နေသော  ကော်လင်းကို တွန်းကာ ပြောလိုက်လေသည်။

ကော်လင်းတွင် အဝါရောင် စူးရှပိုးမွားများအကြောင်း လေးလေးနက်နက် နားလည်သည့်အပြင် သူတို့၏ စွမ်းဆောင်ရည်များကိုလဲ သိရှိ၏။ ထို့ကြောင့် ဂူမန်မန်ကို ပို၍ စိုးရိမ်မိနေသည်။ သူက နှုတ်ခမ်းကို သပ်ကာ ပြောလိုက်လေသည် "ဒီမှာပဲ ရပ်စောင့်နေရင် ဘယ်လိုလဲ  မင်းအတွက် သွားယူပေးမယ်လေ ဟုတ်ပြီလား..."

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now