အခန်း (179) ( u & z )

1.9K 213 7
                                    

အခန်း (၁၇၉) : ရှင် သားရဲအသွင် ပြန်မပြောင်းတော့ဘူးလား

အဲလ်ဗစ် ဂူမန်မန် မေးတာကို ပြန်မဖြေပဲ သူ့အလုပ်ကိုသာ အာရုံစိုက်ထားသည်။ သူမ ဒဏ်ရာကို သန့်စင်ပြီးနောက် လက်ဖမိုးပေါ် အနမ်းခြွေပြီးမှ ပြောလိုက်သည်

“ မင်း ဒဏ်ရာက ရောဂါပိုးမဝင်နိုင်တော့ဘူး။ မြန်မြန် ပြန်ကောင်းလာလိမ့်မယ်။”

ဂူမန်မန် မျက်နှာနီရဲသွားပြီး ဘာစကားမှထွက်မလာပေ။

အရင်တစ်ခါ နှာခေါင်းသွေးလျှံတုန်းကလည်း လုပ်ပေးခဲ့ဖူးသော်လည်း  သေချာမမြင်ခဲ့ရပေ။ ယခုတွင်တော့ အရေပြားပေါ်တွင်ပါ ခံစားမှုတွေရှိနေသည်။

သို့သော် ဒီတစ်ကြိမ်တော့မတူပေ။ အဲလ်ဗစ် သူမ လက်ကို လျက်လိုက်တုန်းက 3D ပုံရိပ်ကို အနီးကပ် ကြည့်ရသကဲ့သို့ ဖြစ်နေသည်။

သူမ ဓာတ်လိုက်သလို ခံစားနေရသည်ကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။

ဂူမန်မန့် မျက်နှာ နီနေတာကို အဲလ်ဗစ်ကြည့်ပြီး စမ်းချောင်းနားမှာ လီရာ သူမကို ဖက်ခဲ့သည့်အချိန်ကို ပြန်သတိရနေမိသည်။

အဲနေ့တုန်းကတော့ အဝေးကသာ ကြည့်နေခဲ့ရသည်။

ဒီနေ့တော့…..

သူမဆီက ထူးခြားတဲ့ အရသာကို ခံစားဖို့ သူ အခွင့်အရေးရရှိခဲ့သည်။

သူ့မှာ တရားဝင် ဂုဏ်ပုဒ်ရယ်လို့ မရှိသေးပေမဲ့ သူမသာ သူ့အပေါ်မှီခိုမယ်၊ ယုံကြည်မယ်၊ စောင့်ရှောက်ခွင့်ပေးမယ်ဆိုရင် ပျော်ရွှင်ဖို့က လုံလောက်ပါသည်။

အဲလ်ဗစ်က ဂူမန်မန် မျက်နှာလေးကို အသာနမ်းလိုက်ပြီး ကျောက်ပြားကြီးပေါ်တွင်ထိုင်စေသည်။ သူ စောစောက ဂူမန်မန်ခူးဖို့လုပ်တဲ့ အရာကိုညွှန်ပြပြီးပြောလိုက်သည် “ကိုယ်ပဲ ခူးလိုက်ရမလား”

ဂူမန်မန် ခေါင်းကိုသာညိတ်လိုက်သော်လည်း စောစောက အဲလ်ဗစ် အပြုအမူကြောင့် စိတ်နှင့် လူ မကပ်သေးပေ။ အခုဆိုလျှင် အဲလ်ဗစ် သူမကို ကြည့်လိုက်တာနဲ့ သူမ မျက်နှာ ပူခနဲ ဖြစ်သွားသည်ကို ခံစားရသည်။ သူမ လက်တွေကို ဘယ်ထားရမလဲဆိုတာတောင် မသိတော့ပေ။

အလှလေး ရှောင်မန် (Myanmar translation) Book 2Wo Geschichten leben. Entdecke jetzt