chapter 110 (Z)

1.5K 93 1
                                    


အခန်း (၁၁၀) : သားရဲလောကမှ အမျိုးသားများသည် ငြိမ်ငြိမ် မနေနိင်ကြချေ

ဂူမန်မန်က ဆက်လက် မခံစားနိုင်တော့ဘဲ အလန့်တကြား အော်ဟစ်လိုက်လေသည် "ခေါင်းဆောင် ကျွန်မကို ကယ်ပါဦး..."

သူမ စကားမဆုံးခင် သူမက လက်တစ်စုံအတွင်း ကျရောက်သွားလေသည်။ သူမ မျက်နှာက ဖြူဖျော့နေကာ အဲလ်ဗစ်ရင်ဘတ်ပေါ် အသာ မှီထားလိုက်သည်။ အကယ်၍ သူမသာ သေချာဂရုတစိုက် နားထောင်ပါက သူမ၏ စိုးရိမ်မှုများကို နှစ်သိမ့်ပေးနေသော ဆက်တိုက် ခုန်ပေါက်နေသည့် နှလုံးခုန်သံကို ကြားနိုင်လိမ့်မည်။ သို့သော် သူမ၏ အော့အန်လိုသည့် ဆန္ဒ ကိုတော့ မတားဆီးနိုင်ပေ။

သူမ အစာအိမ်တွင် ဘာမှ မရှိ၍သာ အော့အန်နေသော်လည်း ဘာမှ ထွက်မလာပေ။ ဂူမန်မန်က အဲလ်ဗစ် လက်မောင်းထဲ အားနည်းလှစွာ ကျရောက်သွားလေ၏။

သေစမ်း သူမသည် ဒစ်စနီမှ ထွက်လာပြီး ထိုမျှ အရိုင်းဆန်သော ရိုလာကိုစတာ စီးခြင်းနှင့် အဆုံးသတ်ခဲ့ဖို့ရာ မမျှော်လင့်ထားခဲ့ပေ။ နောက်တစ်ခုက သူမတွင် လုံခြုံရေး ခါးပတ်ပင် မပါရှိချေ။

ဂူမန်မန်က နေမကောင်း ဖြစ်နေပြီဟုပင် ခံစားနေရသည်။ သို့သော် သူမက သူများကို အော်ငေါက်ရန် အင်အားမဲ့နေလေ၏။

အဲလ်ဗစ်က အကူညီမဲ့ကာ ခေါင်းကိုက်နေသော ဂူမန်မန်ကို ကြည့်လိုက်သည်။ သူမ မျက်နှာလေးကို ကိုင်ထားလိုက်ပြီး "ဘယ်သူကမှ အဝါရောင်အနှစ် ဒီလောက်များများကို ယူမလာဖူးဘူး အဲဒါကို မင်းက ကော်လင်း အော့လေ ဘိုဒီတို့ အမျိုးသားသုံးယောက်ထဲနဲ့ လုပ်ဆောင်နိုင်ခဲ့တယ် ကြည့်ရတာ ငါ့ရဲ့ နဇိုင်းရယ် မျိုးနွယ်စု ပထမ စစ်သည်တော် ဘွဲ့ကို မင်းကို ပေးရတော့မှာ ထင်တယ် ...."

ဂူမန်မန်က သူမ ကံတရားကို လက်ခံလိုက်ပြီး သက်ပြင်းချလိုက်တော့သည် "သူတို့တွေက စိတ်ဖောက်ပြီးတော့ ကျွန်မကို လေထဲ မြောက်နေတာ အဲဒါကြောင့်လား ..."

အဲလ်ဗစ်က အခုထိ ဆူညံနေသည့် လူအုပ်ကြီးကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ "ဟုတ်တယ် မင်းလေးက နဇိုင်းရယ် မျိုးနွယ်စုရဲ့ ဂုဏ်ဆောင်ပဲ...."

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now