အခန်း (၁၃၆) : ငါက မန်မန် စကားတိုင်းကို နားထောင်မယ်
လီရာက ဂူမန်မန် လက်ထဲမှ ငါးအရိုးကို ကြည့်လိုက်ပြီး သူ့လက်သည်းကို ထိန်းကာ ဂူမန်မန် ပြသည့် နေရာအတိုင်း ဆန်စေ့လောက် အပေါက်သေးသေးလေး ဖောက်ပေးလိုက်သည်။ ဂူမန်မန်က ထပ်ကာ ထပ်ကာ ကြည့်လိုက်ပြီးနောက် ကျေကျေနပ်နပ်နှင့် ခေါင်းညိတ်ပြလိုက်သည် "အင်းအင်း... ဒီလိုလေး..."
ယခု သူမတွင် အပ်ရှိနေလေပြီ။ ဂူမန်မန်က ပတ်ဝန်းကျင်ကို လိုက်လံကြည့်လိုက်သည်။ လီရာ အပေါက်ဝတွင် ချထားသော ကျောက်အိုးကို မြင်ပြီး သူမက စန္ဒီကို ပြောလိုက်သည် "စန္ဒီ နင့်ပါတနာတွေကို မီးမွှေးဖို့ ပြောထားပေး ... ပြီးရင် ဒီလောက်တုတ်တဲ့ သစ်ကိုင်း သုံးကိုင်းနဲ့ နွယ်များများ ယူခဲ့... ဒါနဲ့ ဟုတ်သား အဲလ်ဗစ် အကူအညီလည်း လိုသေးတယ် သူ့ကို ခေါ်လိုက်လို့ ရမလား..."
စန္ဒီက သဘောတူလိုက်သည် "ရတာပေါ့..."
စန္ဒီ၏ ခွင့်ပြုချက် ရပြီးသည်နှင့် သူမက အဲလ်ဗစ်ဘက် လှည့်ကာ အော်ခေါ်လိုက်သည် "ခေါင်းဆောင် ဒီကို လာလို့ရပြီ .... စန္ဒီက ဝင်ဖို့ သဘောတူတယ်တဲ့..."
တကယ်ဆိုလျှင် အဲလ်ဗစ်၏ အကြားစွမ်းရည်ဖြင့် ဂူမန်မန်သည် ထိုမျှ ကျယ်လောင်စွာ အော်ရန် မလိုပေ။ အကြောင်းမှာ အဲလ်ဗစ်က သူတို့ ပြောနေသည့် စကားများ အားလုံးကို ကြားနေ၍ ဖြစ်သည်။
သို့သော်လည်း ဂူမန်မန်ဆီမှ ထိုသို့ အခေါ်ခံလိုက်ရခြင်းသည် ခံစားချက်ကား လုံးဝကွဲပြားသွား၏။
အဲလ်ဗစ်က ခြေထောက်အောက်တွင် လေပွေ ဖြစ်ပေါ်လာသည့်အလား ဂူမန်မန်ဆီ ရောက်လာပြီး မေးလိုက်သည် "ကိုယ် ဘာလုပ်ပေးရမလဲ..."
ဂူမန်မန်က ပြောလိုက်သည် "မှတ်မိသလောက်ဆိုရင် စမ်းချောင်းဘေးမှာ ပစ်ထားတဲ့ ကလီစာတွေ ရှိတယ် ... ခေါင်းဆောင် အဲဒါတွေကို လိုတဲ့သူ ဘယ်သူရှိလဲ မေးပေးပါ့မလား မရှိဘူးဆိုရင် အူတစ်ခွေလောက် ယူခဲ့ပေး ... တကယ်လို့ သူတို့ လိုချင်တယ်ဆိုရင်...."
"သွားယူလိုက်မယ်..." အဲလ်ဗစ်က ဂူမန်မန် စကားများကိုဖြတ်ပြောလိုက်သည်။ သူ့ရှောင်မန်လေး လိုချင်တာ သူ့ကို မည်သူက မပေးရဲဘဲ နေမှာလဲ....
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)