အခန်း (၁၄၄) : ငါ ဒီမှာ အမြဲ ရှိနေတယ်
လီရာက ပြောလိုက်သည့်အခါ အဲလ်ဗစ်က သစ်ပင်တွေကြားမှ ထွက်လာလေ၏။
ဂူမန်မန်က တစ်ခုခု အမှားလုပ်ထားသည့် ကလေးသဖွယ် ခေါင်းကို ငုံ့ထားပြီး အဲလ်ဗစ် မျက်လုံးကို မကြည့်ရဲပေ။
သူမက အဲလ်ဗစ်ကို မွေးစားအမေတော်ထားသည့် ကိစ္စနှင့်ပတ်သတ်၍ အမြင်မှားနေကြောင်း သိသသည်။ သို့သော်လည်း ဘာကြောင့် သူ့ကို ရင်ဆိုင်ရန် ကြောက်ရွံနေသနည်း။
ဂူမန်မန်က ထပ်၍ မတွေးချင်ပေ။ တွေးလည်း မတွေးရဲပေ။ သူမလက်ချောင်းများကိုသာ လိမ်ပြီး အောက်ကို ငုံ့ကြည့်နေလေ၏။
"မင်း အဝတ်တွေလဲလေ... အစိုတွေ ဝတ်ထားရင် နေမကောင်း ဖြစ်လိမ့်မယ်...." အဲလ်ဗစ်က လက်ကို ဆန့်ထုတ်ပြီး လီရာရင်ခွင်ထဲမှ ဂူမန်မန်ကို လှမ်းခေါ်လိုက်ပြီးနောက် သူ့ကို ပြောလိုက်သည် "မင်းရဲ့ မူလပုံကို ပြန်ပြောင်းပြီးမှ ထွက်ခဲ့ ... သူမက မင်းကို တခြားလူတွေ ဒီလို မြင်စေချင်မှာ မဟုတ်ဘူး...."
လီရာက မေးခွန်းမထုတ်ဘဲ ခေါင်းညိတ်ပြလိုက်ကာ မြေခွေးပုံ ပြောင်းလိုက်ပြီး ခန္ဓာပေါ်မှ ရေတွေ ခါချလိုက်သည်။ သူ့အမွေးမျှင်များက ရေနစ်ထားသည့် ကြွက်စုတ်ကဲ့သို့ မဟုတ်တော့ဘဲ ချက်ချင်းပင် အမွေးပွပွလေး ဖြစ်လာလေ၏။ သူ့အတွက် ရေများအားလုံး ခါချရန် တစ်မိနစ်လောက်သာ အချိန်ယူလေ၏။
သေချာသွားလေပြီ.... ဘုရားသခင်က လူတွေကို ခွဲခြားဆက်ဆံတတ်သည်.....
ဂူမန်မန်က သူမဆံပင်ရှည်ကို မည်မျှကြာအောင် အခြောက်ခံရသည်ကို တွေးမိပြီး ဘုရားသခင်၏ ဘက်လိုက်မှုကို ပို၍ ခံစားနေမိသည်။
သို့သော် သူမချစ်သူကောင်လေးကတော့ အမှန်ပင် ကြည့်ကောင်းလှသည်။ လူသား သို့မဟုတ် သားရဲ အနေနှင့် သူဆီမှ မျက်လုံးလွဲဖို့ရာ အမှန်ပင် ခက်လှသည်။
အဲလ်ဗစ်က ဂူမန်မန်ကို လေကွယ်ရာ နေရာ တစ်ခု ရှာပေးပြီး စတင်၍ အင်္ကျီများကို လဲလှယ်ပေးရန် ဖယ်ရှားလိုက်သည်။
ESTÁS LEYENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)