အခန်း (215)

2.2K 204 12
                                    

အခန်း (၂၁၅) : မလိုအပ်ပဲနဲ့

အဲလ်ဗစ် ဆေးက တကယ် အသုံးဝင်တာကိုတော့ ဂူမန်မန် ဝန်ခံရမည်။ သူ့ဆေးကြောင့် ဂူမန်မန် နှစ်နာရီကြာဖျားပြီး နိုးလာခဲ့သည်။

သူမ ခေါင်းလှည့်လိုက်ပြီး သူမ အစာအိမ်ထဲတွင် ဘာမှ မကျန်တော့သည်အထိ ရုတ်တရက် အန်ချလိုက်သည်။

ဂူမန်မန် အန်ထား၍ မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် အဲလ်ဗစ်ကို ကြည့်ကာ ပြောလိုက်သည် “ ဒါက ရိုးရိုးဖျားတာလေးပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ အဆင်ပြေပါတယ်။”

“ကိုယ် ဘာလုပ်သင့်လဲ” အဲလ်ဗစ် ဂူမန်မန့် မျက်နှာလေးကို အုပ်ကိုင်ကာ မေးလိုက်သည်။

ဂူမန်မန် ဆန်းကြယ်စွာရောနှောထားသော အိုးနှင့် သူမ အန်ထားတာကို ထိုးပြကာပြောလိုက်သည်

“ အရင်ဆုံး ဒါတွေကို ဖယ်လိုက်၊ အဲ့ဒါဆို ကျမတို့ အသက်ရှူကြပ်ပြီး မသေတော့ဘူး။”

အဲလ်ဗစ် မလိုက်နာပဲ မနေရဲပေ။ ဂူမန်မန့်ကို မီးပုံဘေးထားတာ လုပ်ထားသော အိပ်ရာပေါ်တင်လိုက်သည်။

အိပ်ရာက တကယ်တော့ သစ်သားတုံးကြီးတွေဖြစ်ပြီး အလယ်ကဆက်ထားခြင်းဖြစ်သည်။ ဘေးပတ်လည်တွင် သားရေများနှင့် ဝိုင်းထားသည်။ သားရေတွေက နွေးလွန်းတာကြောင့် ဂူမန်မန် ထိုထဲသို့ တိုးဝင်ရင်း နာကျင်မှုလည်းမရှိတော့ပေ။ သို့သော် အိပ်ချင်စိတ်တော့ ပြန်လည်ဖြစ်ပေါ်လာရသည်။

ဒါပေမဲ့ သူမ ထပ်ပြီး အိပ်ပျော်သွားလျှင် အဲလ်ဗစ် စိတ်ပူပြီး နောက်ထပ် အမဲရောင် ဟင်းတစ်မျိုး ချက်နေမှာကို စိုးရိမ်သည်။ ထို့ကြောင့် သူမကိုယ်သူမ မအိပ်ရန်ဖိအားပေးကာ အဲလ်ဗစ် အိုးကို ဂူပေါက်ဝသို့ ယူသွားသည်ကို ကြည့်နေသည်။ အဲလ်ဗစ်က နှင်းဖုံးနေတဲ့ တံခါးရဲ့ ညာဖက်ထောင့်မှာ တွင်းတူးပြီး ဂျင်းတွေကို သွန်လိုက်ပြီး ငါးကိုတော့ သူစားလိုက်သည်။

ဂူမန်မန် မေးလိုက်သည် “ ရှင် ဘာလို့ အဲ့ဒါကို စားနေတာလဲ။ ရှင် ဝမ်းလျှောမှာ မကြောက်ဘူးလား။”

အဲလ်ဗစ်က အိုးကို ဆေးနေရင်း ဂူမန်မန့်ကို ပြန်ဖြေလိုက်သည် “ ဆောင်းတွင်းမှာ ရှိတဲ့ အစာတွေက အရမ်းတန်ဖိုးရှိတယ်။ သူတို့ကို လွှင့်ပစ်တာက ဖြုန်းတီးရာကျတယ်။”

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now