အခန်း (၂၁၄) : အဲလ်ဗစ် ဆေးပြင်ဆင်ခြင်း
အဲလ်ဗစ် ဂူမန်မန့် ခန္ဓာကိုယ်ကို ထိကြည့်တော့ အတော်ပူနေပြီး အဖျားတက်နေသည်ကို တွေ့ရသည်။ ထိုအရာက အဲလ်ဗစ်အတွက ဖြေရှင်းရန် ခက်ခဲလှသည်။ ဟိုလျှောက်လိုက် သည်လျှောက်လိုက် လုပ်ရင်း
“ငါ ဘာလုပ်သင့်လဲ” ဆိုသော စကားကိုပဲ ထပ်ကာထပ်ကာ ပြောနေသည်။
သူ ဂူထဲကို ပတ်ကြည့်လိုက်ပြီး ဂူမန်မန် နေကောင်းအောင် လုပ်ပေးနိုင်သောအရာကို ကြိုးစားရှာနေသည်။
အာလူး….မဟုတ်သေးပါဘူး။ အာလူးက ဘယ်အစားအစာနဲ့မဆို တွဲစားလို့ရတယ်လို့ ရှောင်မန် ပြောဖူးတယ်။
ကန်စွန်းဉ….မဟုတ်သေးဘူး။ ဒါလည်း မဟုတ်သေးဘူး။ ကန်စွန်းဉက ဆာလောင်တာကို အမြန်ဆုံး သက်သာစေတယ်လို့ ရှောင်မန် ပြောဖူးတယ်။
သိုလှောင်ထားတဲ့အသား….. ဒါလည်း မဟုတ်သေးပါဘူး…
ငါးခြောက်တွေလား။ မဟုတ်သေးဘူး။
နေပါဉီး.
ငါးခြောက်….ကြည့်ရတာ ဖြစ်နိုင်တယ်။
ဂူမန်မန် ရေကန်ထဲခုန်ချတုန်းက လီရာက ငါးတစ်အိုး ယူလာပေးသည်ကို အဲလ်ဗစ် မှတ်မိသွားသည်။
“ငါး…ငါး ငါး ငါး” အဲလ်ဗစ် သားရေကို ယူလိုက်ပြီး ဂူမန်မန်ကို ပတ်ကာ ရင်ခွင်ထဲထည့်လိုက်သည်။
သူ့ကြည့်ရတာ လယ်သူမလေးက သူ့ သမီးကို လယ်စိုက်ဖို့ အနှီးနှင့် ခေါ်သွားပုံနှင့် တူနေသည်။ ဂူမန်မန် ကောင်းကောင်းအိပ်ရစေရန်နှင့် နွေးထွေးစေရန် ဖက်ထားခြင်းဖြစ်သည်။
ထို့နောက် ဂူမန်မန့်ကို ထားလိုက်ပြီး ဂူအတွင်းပိုင်းကို ဝင်သွားကာ ဂူမန်မန် အခြောက်လှမ်းထားသော ငါးခြောက်ကို ယူလာသည်။ ငါးခြောက်က စားဖို့ အသင့်ဖြစ်နေပြီ။ ထို့ကြောင့် အရသာတူ မတူ တော့ အဲလ်ဗစ် မသိသလို ပိုကောင်းသောနည်းလမ်းလည်း ရွေးချယ်ရန် မရှိပေ။
သူ ဆူနေတဲ့အိုးထဲ ငါးခြောက်နှစ်ကောင်ကို ပစ်ချလိုက်သည်။ ငါးကကြီးသောကြောင့် အိုးထဲရှိ ရေပူဖောင်းများပင် ပျောက်ကွယ်သွားရသည်။ အဲလ်ဗစ် စိတ်မပျက်ပေ။ ဂူအတွင်းပိုင်းကို ထပ်သွားကာ ဂျင်းကို ယူလာသည်။
![](https://img.wattpad.com/cover/208922135-288-k490255.jpg)
BINABASA MO ANG
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)