အခန်း (225)

2.4K 231 11
                                    

အခန်း (၂၂၅) : မိတ်လိုက်ခြင်း အမှတ်အသား

ဂူမန်မန် ငုံ့ကြည့်လိုက်ကာ “ဟင်” ဟုသာ အသံထွက်နိုင်တော့သည်။

ပန်းကန်ကို အောက်ချလိုက်ကာ ဂူမန်မန် သူ့လည်ပင်း ညှပ်ရိုးကိုကြည့်နေသည်။ သူမ အဲ့တာကို ပွတ်မကြည့်ခင် သွေးလေခြောက်ခြားနေတာမဟုတ်တာကို အတည်ပြုလိုက်သေးသည်။

သူမ ညှပ်ရိုးပေါ်တွင် လဆီသို့ ခေါင်းထောင်ကာ အူနေသော အမဲရောင် ဝံပုလွေပုံကို တွေ့လိုက်ရသည်။ သူမ၏ ညှပ်ရိုး နက်စောက်မှုနှင့် ဝံပုလွေတစ်ကောင်ကို ပေါင်းကြည့်လိုက်လျှင် အတော်ထူးဆန်းသည်။

ဂူမန်မန် ထိုအမှတ်ကို ကြည့်လိုက် အဲလ်ဗစ်ကို ကြည့်လိုက် လုပ်နေသည်။ ဒါကို ကြည့်နေရင်း ဂူမန်မန် မျက်မှောင်ကြုတ်ကာ ဒေါသသံဖြင့် ပြောလိုက်သည်

“ ကျမ အိပ်နေတုန်း တက်တူးထိုးလိုက်တာလား”

တက်တူးဆိုတာ ဘာမှန်း အဲလ်ဗစ် မသိသော်လည်း သူမ လည်ပင်း ညှပ်ရိုးပေါ်ရှိ အနက်ရောင် ဝံပုလွေကို ရည်ညွှန်းမှန်းသိသည်။

သူမ အဲ့ဒါကို မကြိုက်သည့်အတွက် အဲလ်ဗစ် အရမ်းနာကျင်ရသည်။

ဂူမန်မန့်ကို သူ့ခံစားချက်တွေကို မသိစေလိုသည့်အတွက် အဲလ်ဗစ် စိတ်အေးအေးထားကာ ဖြေလိုက်သည်

“ အဲ့ဒါက မိတ်ဖက်ခြင်း အမှတ်။ မင်း မိတ်ဖက်ပြီးရင် ဒါကို ရလာတာ။”

တက်တူးမဟုတ်တာကို ဂူမန်မန် ယုံကြည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တက်တူးထိုးတာက ရက်ကြာတတ်ပြီး ပြီးတဲ့ အထိ နာကျင်မှုကို ခံစားရတတ်သောကြောင့်ဖြစ်သည်။

သူမ အားနာသောအပြုံးဖြင့် ပြောလိုက်သည်

“ ကျမ အိပ်ရေးမဝတော့ ကောင်းကောင်း မစဉ်းစားနိုင်သေးလို့ပါ။ ကျမ ပြောတာကို ဘယ်လိုမှမထင်ပါနဲ့နော်”

အဲလ်ဗစ် အားမရှိစွာပြုံးရင်း တိုးညှင်းစွာ ပြောလိုက်သည် “ အဲ့ဒါကို မင်းမကြိုက်တာ ကိုယ် မအံ့ဩပါဘူး။ မင်းက အနက်ရောင် ဝံပုလွေထက် နှင်းမြေခွေးကို ပိုကြိုက်တာပဲလေ။”

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora