အခန်း (၁၃၇) : တတ်နိုင်သမျှ အဆင့်အတန်း သတ်မှတ်ပေးခြင်း
လီရာ၏ တုံ့ပြန်မှုက အလွန်မြန်လှ၏။ သူက ဂူမန်မန်ကို ဆတ်ခနဲ ပွေ့ဖက်ထားလိုက်ကာ လွင့်စင်လာသည့် မီးပွားများကို သူ့ကျောဖြင့် ကာကွယ်ထားလိုက်သည်။
ဂူမန်မန်က အမှန်တကယ် လန့်ဖြတ်သွားလေသည်။ သူမက လီရာပွေ့ ဖက်မှုအတွင်း ပို၍ တိုးဝှေ့လိုက်ကာ တစ်လက်မပင် မလှုပ်ရဲပေ။ အချိန်အတော်ကြာပြီးနောက်တွင် သူမက လည်ပင်းဆန့်ကာ အခြေအနေကို အကဲခတ်လိုက်သည်။ သို့သော် နည်းနည်း လှုပ်လိုက်ပြီးနောက်တွင် လီရာက သူမကို ခေါ်လိုက်သည် "မန်မန်...."
"ဟမ်...." ဂူမန်မန်က အပြစ်ရှိမှန်း သိသည့်အတွက် အမှားလုပ်ထားသည့် ကလေးတစ်ယောက်အလား ခေါင်းငုံ့ထားလိုက်သည်။ သို့သော်လည်း သူမက လီရာ အမူအယာကို မော့ကာ ခိုးကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း လီရာမျက်နှာတွင် အပြုံးတို့ ကျန်ရှိမနေပေ။
သူက ဂူမန်မန် ပခုံးကို လက်မောင်းနှင့် ထိန်းထားပေးပြီး အရပ်ကို ညှိလိုက်ပြီးနောက် သူမမျက်လုံးကို ကြည့်ကာ ပြောလိုက်သည် "ကိုယ် ဘယ်လောက်ကြောက်သွားလဲဆိုတာ သိရဲ့လား .... တကယ်လို့ မင်းသာ နည်းနည်းလေး ထိခိုက်သွားရင် ကိုယ့်နှလုံးသား ထပ်ခြမ်းခွဲတာထက် ပိုနာတယ်...."
ဂူမန်မန်က အောက်နှုတ်ခမ်းကို တင်းတင်းဖိထားပြီးနောက် ပြောလိုက်သည် "အဲဒီအိုးက အဲလောက်လေးမှန်း မသိလို့ပါ...."
"အဲတော့.." လီရာက သူမရှင်းပြချက်ကို လက်မခံပေ။ သူက ထိုသို့မျိုး ယတိပြတ် စည်းကမ်းတင်းကြပ်ပြီး ပြန်ပြောခွင့်ပင် မပေးသည့် အကြိမ်ရေ သိပ်မရှိလှပေ။
"ကျွန်မ အမှားကို သိပါပြီ.." ဂူမန်မန်က ခေါင်းကို အောက်ငုံ့ထားရင်း ပြောလိုက်သည်။ သူမ ကိုယ်နေဟန်ထားက ကောင်းလှသည်။
"အဲဆို မင်းအမှားတွေက ဘယ်မှာရှိတာလဲ..." လီရာက သူမကို အလျော့ပေးဖို့ရာ ရည်ရွယ်ချက် မရှိပေ။ ဤအမျိုးသမီးကား သူက သူမကို ကောင်းကောင်း သင်ခန်းစာ မပို့ချပါက ဘာမဆို လုပ်ရဲနေလိမ့်မည်။
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)