အခန်း (၁၄၂) : ဝန်ခံလိုက်ပါ
"ဝန်ခံလိုက်ပါ...." ဂူမန်မန်က ပါးနှစ်ဖက် ရှက်သွေးဖြာရင်း တီးတိုးပြောလိုက်သည်။
လီရာက နှုတ်ခမ်းများက ကွေးညွှတ်သွား၏။ ခံစားချက် တစ်ခုက နှလုံးသားမှ ထွက်ပေါ်လာပြီး ခန္ဓာတစ်ကိုယ်လုံး ပြန့်နှံသွားလေသည်။
အနေအထားကို ပြောင်းလိုက်ပြီး ဂူမန်မန်ကို ကလေးတစ်ယောက်ကို ချီထားသဖွယ် လက်ဖြင့် ကျောကို ပွေ့ထိန်းထားလိုက်သည်။ သူက တခြားလက်ဖြင့် သူမ မေးဖျားကို ပင့်လိုက်ကာ သူမကို ငုံ့ကြည့်လိုက်ပြီး "ဒီဘဝမှာ ကိုယ့်ရဲ့ သစ္စာရှိမှုအကုန်လုံးကို မင်းဆီ အပ်နှင်းပါတယ်လို့ နတ်ဘုရးထံ ကျိန်ဆိုပါတယ် ဒီနေ့ကစပြီးတော့ မင်းက ကိုယ့်ရဲ့ နတ်ဘုရား... ကိုယ့်ဘဝ... ကိုယ့်အရာရာပါ....."
ဂူမန်မန်က သူမသွေတွေ ခေါင်းထဲ ပြေးစီးစင်းလာသည်ဟု ခံစားလိုက်ရပြီး မျက်နှာအလွန်ပူလာလေ၏။
သူမက အပူကြောင့် ခြောက်သွေ့လာသည့် နှုတ်ခမ်းများကို သပ်လိုက်ပြီး တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြန်ဖြေလိုက်သည် "ကျွန်မပြောတာက.... ရှင့်ကို ကျွန်မ ဒိတ်လုပ်မယ် ဒါပေမဲ့ မိတ်လိုက်ဖို့တော့ အဆင့်သင့် မဖြစ်သင့်ဘူး...."
ဟိုးအရင်တုန်းက ဂူမန်မန်သည် လီရာကို အချစ်အကြောင်း ရှင်းပြဖူးသည့်အတွက် လီရာက သူမ ပြောဖူးသည့် အချစ်ဖြစ်စဉ် တစ်လျောက်လုံးကို စိတ်ထဲ မှတ်သားထား၏။ သူက "သူငယ်ချင်း" မှ "ချစ်သူ" အဖြစ်သို့ အချိန်တိုအတွင်း ကူးပြောင်းနိုင်ခဲ့သည့်အတွက် အရမ်းကို ကျေနပ်ပီတိဖြာနေ၏။
သူက မည်မျှပင် ဂူမန်မန်နှင့် မိတ်လိုက်ပြီး သူမအပိုင် ဖြစ်စေချင်ကာမူ သူမ ခံစားချက်များကို အရင်အလေးထားသင့်၏။ သူမကို အတင်းကြပ် မလုပ်ဆောင်ချင်ပေ။
သူ့ အမျိုသမီးကို ဘယ်လိုလုပ် စိတ်ထိခိုက်စေရက်မှာလဲ...
"ကိုယ့်ကိုပြောပြ... ဒိတ်လုပ်တာက ဘယ်လိုဆက်ဆံရေးမျိုးလဲ...." လီရာက ဂူမန်မန်နှုတ်ခမ်းဆီ တစ်လက်မချင်း တိုးကပ်လာပြီး လက်တစ်လုံးလောက် အလိုတွင် ရပ်တန့်သွား၏။ အသံခပ်ဩဩဖြင့် မေးလိုက်သည် "ကိုယ်နမ်းချင်တဲ့ အချိန်တိုင်း နမ်းလို့ ရတာလား..."
အကယ်၍ သူမသာ ခေါင်းညိတ်လိုက်မည်ဆိုလျှင် ဂူမန်မန်က အကျိူးဆက်ကို စိတ်ထဲမှ သိနေသည်။ သူမက နှလုံးခုန်မြန်လာပြီး သူမက ရှက်ရှက်ဖြင့် ပြန်ဖြေလိုက်သည် "အမ်း.."
လီရာက သူမ မေးဖျားကို ပင့်လိုက်ပြီး သူမနှုတ်ခမ်းကို ပါးစပ်ထဲ တိုက်ရိုက် ထည့်လိုက်တော့သည်။
ဤတစ်ကြိမ်တွင် လီရာ၏ လျှာဖျားလေးက ကျွမ်းကျင်လှစွာ ဂူမန်မန် ပါးစပ်ထဲ ဝင်ရောက်လာကြာ ချိုမြိန်မှုကို လောဘတကြီး အရသာခံနေသည်။
သူမ အသက်ရှုကျပ်မတတ် ဖြစ်လာသည့် အင်တင်တင်ဖြင့် သူမကို လွတ်ပေးလိုက်သည်။
သူတို့နှစ်ယောက်လုံး၏ အကြည့်များက ကြည်နူးစရာ ကောင်းနေကာ လီရာသည် သူ့ဘယ်ဘက် ရင်အုံမှ တဒုန်းဒုန်းခုန်နေသော နှလုံးခုန်သံကို ခံစားမိနေသည်။ ရင်းနှီးသလိုလိုနှင့် မရင်းနီးသော ခံစားချက်မှန်း သိနေသည်။ သူက သေချာဖော်မပြတတ်သော်ငြား ဤဘဝတွင် ဂူမန်မန်ကဲ့သို့ အမျိုးသမီးကို လက်လွတ်မပေးနိုင်ကြောင်း ပို၍ သေချာသွား၏။
မကြာခင်တွင် ဆောင်းရာသီ ရောက်တော့မည် ဖြစ်၍ စမ်းချောင်းကား အေးစက်နေလေ၏။ လီရာက ဂူမန်မန် အအေးမိမည်ကို စိုးရိမ်သောကြောင့် ရေထဲတွင် အကြာကြီး မနေတော့ပေ။ သူ ပုံပြောင်းလိုက်စဉ်က သားရေအဝတ်ပျောက်သွားမှန်း မသိလိုက်ချေ။ လိုက်၍လည်း မရှာချင်တော့ပေ။ သူက သူမကို ကမ်းပေါ်သို့ ခေါ်ဆောင်သွားလိုက်တော့သည်။ အဲလ်ဗစ်က သူ့ဆီ လိုက်လာမည်ကို သိကာ သူ့တွင် ဂူမန်မန်လဲရန် အဝတ်သန့်များ ပါလာလိမ့်မည်။
တစ်နည်းအားဖြင့် အဲလ်ဗစ်က ယခုဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တွေ့မြင်ခဲ့လိမ့်မည်။
လီရာနှင့် အဲလ်ဗစ်တို့ နှစ်ယောက်လုံးက ယူရှီဂျင်း ပြန်ရောက်မလာခင် ဂူမန်မန်၏ သူ့အပေါ် စိတ်ဝင်စားမှုကို နည်းနိုင်သမျှ နည်းစေရန် သို့မဟုတ် သူ့အား အစားထိုးနိုင်ရန် လုပ်ဆောင်ဖို့ရာ အောင်မြင်ဖို့ မျှော်လင့်နေကြသည်။ သူတို့ကြားတွင် နားလည်နိုင်စွမ်း ရှိသည့်အတွက် စကားလုံးများ သုံးနေစရာ မလိုအပ်ပေ။ ထိုကြောင့် အဲလ်ဗစ်က အနီးအနား ရောက်နေသော်လည်း ပေါ်မလာခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း အဲလ်ဗစ်က လီရာသည် သူ့၏ ပထမအဆင့်အတန်း လာရောက်ခြိမ်းခြောက်မှုကို သည်းခံနိုင်သည်ဟုတော့ မဆိုလိုပေ။ လီရာတွင်လည်း ထိုသို့ လုပ်ဆောင်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် လီရာက ဂူမန်မန်ကို အဲလ်ဗစ်ဆီ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။ အရင်ဆုံး သူမကို အအေးမမိစေရန် အဝတ်အစားများ လဲလှယ်ရန် လိုအပ်၏။ ဒုတိယအနေဖြင့် အဲလ်ဗစ်ကို ထိုအခွင့်အရေး သုံး၍ ရှင်းပြချက် ပေးရမည်။
ŞİMDİ OKUDUĞUN
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomantizmThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)