အခန်း (229)

2.2K 207 8
                                    

အခန်း (၂၂၉) : တစ်မိသားစုလုံးကို သတ်ပစ်တာလား။ ဘယ်လိုတောင် စိတ်ရူးပေါက်တာလဲ

ဂူမန်မန် လီရာ့ကို တွေးမိသွားသည့်အတွက် တခြားကိစ္စတွေအပေါ်တွင် အာရုံစိုက်ရန် ကိုယ့်ကိုယ်ကို ဖိအားပေးလိုက်သည်။

သူမ အဲလ်ဗစ်နှင့် မိတ်ဖက်ပြီးပြီ ဖြစ်ကာ  သားရဲကမ္ဘာက ပါတနာ အများကြီးလက်ခံခြင်းစနစ်ကိုတော့  သူမ လက်မခံနိုင်ပေ။

စိတ်နဲ့ ဖောက်ပြန်တာကလည်း ဖောက်ပြန်တာပဲ။ တခြားသူတွေ မသိပေမဲ့ ဂူမန်မန် မလုပ်ချင်ပေ ....

သူမ အသက်ပြင်းပြင်းရှူကာ ခေါင်းစဉ်ပြောင်းပြောလိုက်သည် “ ဒါပေမဲ့ နီနာ့ကိုယ်ပေါ်မှာ မိတ်ဖက် အမှတ်အသားကို ကျမ မတွေ့မိပါဘူး။”

“ ဘာလို့လဲဆိုတော့ သူမက မျိုးနွယ်စုကနေ ထုတ်ပယ်ခံထားရတဲ့သူလေ ”

အဲလ်ဗစ် ဆက်ပြောသည် “ နီနာက သားရဲအစစ် ဖြစ်ပေမဲ့  သားရဲတစ်ပိုင်း အမျိုးသမီးလေးက သားရဲ အစစ်လေးကို မွေးပေးလိုက်တယ်လေ။ အဲ့ဒီကလေးက လှပပြီးတော့ နောက်လာမယ့် မျိုးဆက်တွေကလည်း သူမကို စိတ်ဝင်စားကြလိမ့်မယ်။ အဲ့ဒါကြောင့် နီနာက သူမနေရာ ခြိမ်းခြောက်ခံရသလို ခံစားမိလို့  ကလေးနဲ့ အမေကို သတ်ဖို့ ခွန်တ်ကို အမိန့်ပေးလိုက်တယ်။”

“ ဘယ်လို .. ”  ဂူမန်မန် အရမ်းစိတ်တိုတာကြောင့် ဘာပြောရမှန်းပင် မသိတော့ပေ။

“ နီနာ့ခေါင်းထဲမှာ လောက်တွေနဲ့ ပြည့်နေတာလား။ သူမ မှာ ပါတနာ လေးဆယ့်သုံးယောက်တောင် ရှိပြီးသားကို သူမက  မနာလိုလို့  ကလေးကို သတ်လိုက်တာလား။”

အဲလ်ဗစ် ခေါင်းကို ညိတ်ကာ မှန်ကန်ကြောင်းထောက်ခံလိုက်သည်။

ထို့နောက် သူဆက်ပြောလိုက်သည် “ ခွန်တ်က သန်မာတယ်။ သူက ပျံနိုင်တော့ ရန်သူကို ချောင်းတိုက်နိုင်တာက သူ့ရဲ့ အားအကောင်းဆုံး လက်နက်ပဲ။ အဲ့ဒါကြောင့် အဲဒီ ကလေးနဲ့ အမေကို အပေါ်မြင့်မြင့်ထိ သယ်သွားပြီးတော့  ပစ်ချလိုက်တာ။ အမျိုးသမီး သေသွားတော့  သူမ ပါတနာတွေ အပေါ်လဲ   မိတ်ဖက်ခြင်း စည်းမျဉ်းအရ အကျိုးသက်ရောက်မှုတွေ ဖြစ်လာတယ်။ အဲ့ဒါကြောင့် တစ်မိသားစုလုံး ဒီလိုပဲသေသွားတာ”

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora