အခန်း (၂၀၀) : တမန်တော်သည် မိုက်မဲသူဖြစ်သည်
တမန်တော် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး အဲ့တာက အဲလ်ဗစ်ဆီက အရိုက်ခံထားရ၍လား ဂူမန်မန်ကို ကြောက်၍လား မသိတော့ပေ။ ဂူမန်မန့်ကို ကြည့်ကာ ပြောလိုက်သည်
“ သားရဲနတ်ဘုရား…..ဘာလို့ သူက မင်းကို သားရေပေးတာလဲ။”
ဂူမန်မန် ရယ်လိုက်ကာ “ငတုံး” ဟူသော မျက်နှာထားဖြင့် တမန်တော်ကို ကြည့်လိုက်သည်။ သူမ ခေါင်းယမ်းလိုက်ကာ ပြောသည်
“ အဲ့ဒါ ဘာလို့လဲဆိုတော့……သားရဲနတ်ဘုရားက ကျမ ဒယ်ဒီလေ။”
တမန်တော် မျက်လုံးများပင် ကျယ်လာပြီး အတော် အံ့ဩတုန်လှုပ်နေမိသည်။
တမန်တော် တံတွေးမျိုချကာ မေးလိုက်သည်
“ မင်း ဒယ်ဒီ မဟုတ်ဘူးမလား…..”
သူ စကားပြောမပြီးခင် အဝေးမှာ ရပ်နေသော လီရာ့ကို လှမ်းကြည့်လိုက်သည်။
ဂူမန်မန် စိတ်ညစ်သွားသည်။
တမန်တော်က ငါနဲ့မတွေ့ဖူးပဲ ငါ့နာမည်ကိုလည်းသိနေတဲ့အပြင် လီရာ့ကို ဒယ်ဒီလို့ ခေါ်တာကို ပါသိနေတယ်။ မှဲ့ မရှိဘူးဆိုတာ အရူးတောင် ယုံမှာမဟုတ်ဘူး။
ဂူမန်မန် စိတ်ပြန်ငြိမ်သွားပြီး တမန်တော်ကို သူမ ဘာတွေးနေလဲဆိုတာ မသိစေပဲ ပြောလိုက်သည် “ ဘာလို့လဲ..ရှင့် အမေမှာရော ပါတနာက တစ်ယောက်ထဲရှိလို့လား။”
တမန်တော်၏မျက်နှာအရောင်သည် အဖြူမှ အစိမ်းသို့ ပြောင်းသွားသည်။
ဘယ်လို အမျိုးသမီးမျိုးက သားရဲနတ်ဘုရားကို ပါတနာဖြစ်လာစေရန် ဘယ်လိုလုပ်နိုင်တာလဲ သူ တွေးကြည့်လို့တောင်မရပေ။ ရုတ်တရက် သူ သတိထားမိလိုက်တာက သူ့ရှေ့တွင် ရှိနေသော အမျိုးသမီးငယ်လေးသည် သာမာန်တော့ မဖြစ်နိုင်ပေ။
သူမ မိသားစုထဲက အားအကြီးဆုံးသူက သားရဲနတ်ဘုရားပင် မဖြစ်နိုင်ချေ။ သူမရဲ့ သားရဲ အမေက ဘယ်သူလဲ။ သူမက ဘယ်လို နောက်ခံမျိုးရှိနေတာလဲ။
သူ့ခေါင်းထဲတွင် မေးခွန်းပေါင်းစုံပြည့်နှက်နေသည်။ သူ အနည်းငယ်လှုပ်လိုက်သောအခါ အဲလ်ဗစ်က ချက်ချင်း ဂူမန်မန်ကို ချီကာ နောက်ဆုတ်ပြီး တိုက်ခိုက်ခုခံရန် အသင့်အနေအထား လုပ်ထားသည်။ သို့သော် တမန်တော်သည် မတ်တပ်မရပ်နိုင်ပဲ ဒူးထောက်ရင်း တွားသွားနေရသည်။ သူ ဂူမန်မန်ကို အရိုအသေပေးကာ ခန္ဓာကိုယ်မှ နာကျင်မှုကို သည်းခံပြီး ထစ်ငေါ့စွာပြောသည်။
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)