အခန်း (၁၅၁)

1.6K 140 2
                                    


အခန်း (၁၅၁) : မင်းက ငါနဲ့ ပြိုင်ချင်တာလား

လီရာက ဂူမန်မန်စကားကို ကြား၍ အတော်ပျော်ရွှင်မိသွားသည်။

သူ့အား ပျော်ရွှင်စေသည်က " တစ်ဦးတည်းသော " စကားကြောင့် ဖြစ်သည်။ ထိုအရာက ထာဝရအတွက် မဟုတ်နိုင်သော်လည်း ယနေ့ကား သူ့ဘဝ၏ အပျော်ရွှင်ဆုံးနေ့ တစ်နေ့ ဖြစ်လေသည်။

ဂူမန်မန် ပုခုံးကို သိုင်းဖက်ထားပြီးနောက် လီရာက မာယာကို အချစ်ပြိုင်ဖက်အဖြစ် ကြည့်ကာ မေးလိုက်သည် " ဘာလဲ ... မင်းက ငါနဲ့ ပြိုင်ချင်တာလား "

မာယာက ခေါင်းခါလိုက်ပြီး နောက်သို့ လဲကျမတတ် ဖြစ်သွားလေသည်။ သူမက လီရာကို ကြောက်လန့်တကြား ကြည့်ကာ " မဟုတ် ... မဟုတ်ပါဘူး နတ်ဆေးဆရာ ... ကျမက အဲလို ပြောတာမဟုတ်ပါဘူး ... "

" ကောင်းပြီလေ.." လီရာက ဂူမန်မန်ကို ပွေ့ထားရင်း မာယာဘေးမှ ခေါင်းမော့ကာ ဖြတ်လျှောက်သွားလေသည်။ ထိုခြေလှမ်းများက ပုံမှန်ထက်စာလျှင် မြောက်ကြွကြွ နိုင်လှသည်။

ဘိုဒီဘေးမှ ငါးစွပ်ပြုတ်များ အဖြူရောင်သမ်းနေလေပြီ။ ဂူမန်မန်ပင် အနံ့ရကာ စတင်စားဖို့ရာ အဆင့်သင့်ဖြစ်နေလေရာ စန္ဒီနှင့် မာယာတို့ကို ဆိုမထားနှင့်တော့ .....

ဂူမန်မန်က အိုးဆီသွားကာ ငါးအသားများ မထည့်သေးခင် ဂျင်းတစ်ပြား ထည့်ပေးလိုက်သည်။ ငါးမိနစ်လောက်ကြာပြီးနောက် ဂူမန်မန်က လက်ခုပ်တီးကာ ပြောလိုက်သည် " ပြီးသွားပြီ "

သူမ လက်ရောက်ခါနီးတွင် ဂူမန်မန်က သနားစရာကောင်းလှသည့် သားရဲကမ္ဘာတွင် တူများ၊ ခွက်များ မရှိကြောင်း သတိရလိုက်သည်။ သူမက အကင်စားတုန်း သစ်သားချောင်းများသာ အသုံးပြုခဲ့ရသော်လည်း စွတ်ပြုပ်အတွက် မည်သို့ လုပ်ရမည်နည်း။ အိုးကနေ ကိုင်ကာ သောက်ရမည်လား ....

ဂူမန်မန်က ဘေးပတ်လည်ကို ကြည့်လိုက်သည်။ လီရာက နားမလည်စွာဖြင့် ဂူမန်မန် ကြည့်သမျှနေရာကို လိုက်ကြည့်ကာ မေးလိုက်သည် " ဘာရှာနေတာလဲ .. "

ဂူမန်မန်က ပန်းကန်လုံး နှင့်တူပုံစံကို အကြမ်းဖျင်း ပြောပြလိုက်သည်။ လီရာက ခေါင်းညိတ်လိုက်ပြီးနောက် အတွေးထဲ နစ်မြောနေပြီးနောက် သူမ နဖူးလေးကို အသာနမ်းလိုက်ကာ " အဲဒါနဲ့တူတာတွေကို ဘယ်မှာရှာရမယ်ဆိုတာ ကိုယ် သိတယ်။ ခဏစောင့်နေနော် .... "

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now