chapter 132 (Z)

1.4K 103 2
                                    


အခန်း (၁၃၂) : ဂရုစိုက်နေ ကျွန်မ ရှင့်အပေါ် ခုန်အုပ်မိလိမ့်မယ်

ဂူမန်မန်က  စိတ်ကျေနပ်မှု မရခင်အထိ အမြီးဖြင့် စိတ်ကြိုက်ဆော့ကစားနေလေသည်။ သူမ ပြောသည့် ကျောက်တုံးအိုးတစ်ချို့ က သူမ မျက်စိရှေ့တွင် ရောက်လာသည်။

ဂူမန်မန်က မျက်လုံးကို ပုတ်ခတ် ပုတ်ခတ် လုပ်ကာ အိုးကို အကြာကြီး ကြည့်နေပြီး ပေါင်ကို လာထိမှ အသိစိတ်ပြန်ကပ်လာကာ  ရုတ်တရက် ပြောလိုက်သည် "ချက် စားရအောင် စန္ဒီကို သွားရှာကြစို့..."

လီရာ၏  ဖြူဖြူဖွေးဖွေး အမြီးဖွာဖွာလေးကြောင့် အညို့ခံထားရတဲ့ သူမကို ခွင့်လွတ်ပေးပါ......

သူမက စိတ်ကူးထဲက အိုးပုံစံကို ပြောပြခဲ့ကာ အဲလ်ဗစ်က သူမအတွက် နမူနာအချို့ကို ယူဆောင်လာပေးသည်။ ထိုကိစ္စတွင် သူမက နညးနည်းလေးမျှပင် ဝင်မပါလိုက်ရပေ။ သူမ စိတ်တစ်ခုလုံးက  ဝှေ့ယမ်းနေသည့် လီရာ အမြီးမှာသာ ရှိနေခဲ့သည်။ လီရာက သူ့အမြီးကို သိမ်းလိုက်မှသာ အသိစိတ်ပြန်ကပ်လာခြင်း ဖြစ်၏။ သို့သော် ထိုအချိန်တွင် အဲလ်ဗစ်ကား အိုး၏ နောက်ဆုံး  ထုတ်ကုန်ကိုပင် ပြုလုပ်ပြီးနေလေပြီ။

ဂူမန်မန်က သူမကိုယ်တိုင် ရေဝင်စိမ်လို့ ရသည့်အထိ ကြီးမားလှသော အိုးကို ပျော်ပျော်ရွှင်ရွင် လှမ်းကြည့်လိုက်ပြီး သူမ ဘာသာ တွေးတောလိုက်သည် "ဒီတစ်ခါတော့ လီရာက သူမ စန္ဒီကို ဟင်းချက်ကျွေးမှာကို မတားလောက်ဘူး ဟုတ်တယ်မလား  ကိုယ့်မိသားစုအတွက် ချက်ရင်း တစ်ခါတည်းနည်းနည်း ပိုထည့်လိုက်ပြီး စန္ဒီကို ဝေပေးတာပဲလေ...."

ထိုအရာကို တွေးလိုက်ပြီး ဂူမန်မန်က ကျောက်အိုးကို အပြင်ကို သယ်သွားချင်သော်ငြား......

"အား...." ဂူမန်မန်က သူမဘာသာ မှားယွင်းစွာ ခန့်မှန်းမိကာ  အားအကုန် ထုတ်သုံးသော်လည်း အိုးက တစ်လက်မပင် မရွေ့ချေ။ ဂူမန်မန်က ခါးကိုကိုင်ရင်း  ငိုလိုက်သည် "ကျွန်မ ခါးလေးတော့ ကျိုးတော့မှာပဲ...."

လီရာက သူမလက်ကနေ ဆွဲလိုက်ပြီး သူ့ဒူးပေါ် မှောက်လျက် တင်ထားလိုက်သည်။ သူက သူ့လက်ချောင်းရှည်ရှည်များဖြင့် သူမ ခါးကို ညင်ညင်သာသာ  ဖိကြည့်လိုက်ကာ ပွတ်ပေးရင်း ပြောလိုက်သည် "မင်းက အမျိုးသမီး ဖြစ်ပြီးတော့ အမြဲ ကိုယ့်ဘာသာ လုပ်ချင်နေတယ်  အဲလ်ဗစ်နဲ့ငါက အလှပြဖို့ သပ်သပ်လား  မင်းကိုယ်မင်း ရွေ့ဖို့ ကြိုးစားရအောင် ငါတို့နှစ်ယောက်က အဲလောက်တောင် အားမကိုးရဘူးလား...."

အလှလေး ရှောင်မန် (Myanmar translation) Book 2Tempat cerita menjadi hidup. Temukan sekarang