အခန်း (240)

2.3K 227 5
                                    

အခန်း (၂၄၀) : မင်း အဆင့်တက်သွားတာ အတွက် ဂုဏ်ယူတယ်

လီရာ ဘာမှ မပြောပေ။ ဒါက သူ မလုပ်ချင်သောကြောင့် မဟုတ်ပဲ သူ မတတ်နိုင်သောကြောင့် ဖြစ်သည်။ ဒီ ရက်ပိုင်းအတွင်း သူ ဂူမန်မန် နှင့် ပြန်လည် ပေါင်းထုပ်ရန် ဆန္ဒပြင်းပြနေသည်။ သူ အချိန် အကြာကြီး ဆွဲလာခဲ့ပြီး သူမ အဲလ်ဗစ်နှင့် မိတ်ဖက်ချိန်တွင်တောင် သူ ဂူအပြင်ဘက်တွင် စောင့်ပေးခဲ့သည်။ သူမရဲ့ ပြင်းပြသော အသက်ရှူသံ၊ သူမ နာကျင်လို့ အော်ငိုသံ၊ သာယာမှုကြောင့် ငြီးငြူသံတွေကိုပါ သူ ကောင်းကောင်း ကြားခဲ့ရသည်။

ထိုအရာက လုံးဝ ကြေကွဲဖွယ်ကောင်းခဲ့သည်။ သူ့ကို အားရှိစေသော တစ်ခုတည်းသော အရာက အဲလ်ဗစ်က သူမ၏ ပထမပါတနာ ဖြစ်သွားပြီးလျှင် သူ သူမနားသို့ ပြန်လာနိုင်သည်ဖြစ်သည်။ သူမ ခွင့်ပြုသ၍ သူမ သူ့ကို အလိုရှိသ၍ သူမနှင့်အတူ အမြဲရှိနေပေးမည် ဖြစ်သည်။

သို့သော် သူ စိတ်ကူးယဉ်ခဲ့ရသမျှက အခုတော့ သဲထဲရေသွန် ဖြစ်သွားခဲ့သည်။

သူမ မျက်လုံးထဲတွင် သူ့ကို မြင်ချင်ပုံတောင်မရပဲ အော့နှလုံးသာနာနေသည်ကို တွေ့ရသည်။ အခု သူမ ခေါ်သော ‘ဒယ်ဒီ လီရာ’ ဟုခေါ်သံသည်လည်း သူ့ရင်ဝကို အချွန်ဖြင့်ထိုးသလို နာကျင်နေတာအပြင် ဘာမှမပိုပေ။

လီရာ သူသက်တောင့်သက်သာ မဖြစ်တာကို ခဏထားလိုက်ပြီး အဲလ်ဗစ်ကို ကုသပေးရန် အခြေအနေကိုကြည့်လိုက်သည်။ ဂူမန်မန့်မျက်နှာထားကို ကြည့်လိုက်တာနဲ့ သူမ အဲလ်ဗစ်ကို ဘယ်လောက်ဂရုစိုက်လဲသိနိုင်သလို အဲလ်ဗစ်တစ်ခုခု ဖြစ်သွားလျှင်လည်း သူမကိုပါ သူတစ်သက်လုံး ဆုံးရှုံးလိုက်ရမည်မှာ အသေအချာပင်ဖြစ်သည်။

ထိုညတွင် ဂူမန်မန်က အဲလ်ဗစ် ဘေးဝင်အိပ်လိုက်ပြီး လီရာကတော့ တစ်ညလုံး သူတို့ အိပ်ရာဘေးမှာ ထိုင်နေခဲ့သည်။

ဒုတိယမြောက်နေ့တွင် ဂူမန်မန်နိုးလာလာချင်း လုပ်သောအရာမှာ အဲလ်ဗစ် နဖူးလေးကို စမ်းပြီး အဖျားမရှိဘူးသိရမှ သက်ပြင်းချနိုင်သည်။ သူမ သားရေကို ဖယ်လိုက်ကာ အဲလ်ဗစ် ကျောပေါ်က ဒဏ်ရာကို ကြည့်ရန်လုပ်လိုက်သည်။ သွေးထွက်တာတွေ ရပ်သွားပြီး ဒဏ်ရာက ကျက်ခါနီးပြီ ဖြစ်သည်။ ကူးစက်ရောဂါတွေ မဖြစ်လို့ တော်သေးသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now