အခန်း (၁၁၄) : မိန်းမဆိုးကို လက်ထပ်မိလိုက်ခြင်းက ဘဝတစ်လှေျာက် မလိုအပ်သော ကံဆိုးမှုများကို သေချာပေါက် ခေါ်ဆောင်လာလိမ့်မည်
ဂူမန်မန်က အမှန်တကယ်ပင် ကြောက်ရွံ့သွားမိသည်။ သူမက နီနာကို လက်ရွယ်ပြီး အပိုင်းပိုင်း အစိတ်စိတ် လုပ်ပစ်ချင်သောလည်း သူမတွင် တစ်ယောက်ယောက်ကို သတ်မည့် ရည်ရွယ်ချက် မရှိပေ။ သူမက အဲလ်ဗစ် နာမည်ကို သုံးကာ မစဉ်းစားဘဲ ပြုမူခဲ့သော်လည်း သူမက နီနာပါတနာများကို ခြောက်လန့်ရန်သာ အလိုရှိလေသည်။ သူမအတွက် ဆုံးရှုံးမှု အကြီးအမား မရှိရလေအောင် ကြိုတင်ကာကွယ်ထားသည့် သဘောဖြစ်သည်။
လူ့အသက်များနှင့် ပတ်သတ်လာလျှင် ဂူမန်မန်က သတ္တိမရှိသေးချေ။
နီနာရှေ့မှ အကာအကွယ် ပေးထားသော အမျိုးသားတစ်ချို့ကို ကြည့်ကာ ဂူမန်မန်က လောင်ယာ့တောင်မှ သူရဲကောင်ငါးယောက်ကဲ့သို့ သဘောထားကြီးဟန် ရှိသည့် သူတို့ကို သွား၍ အနှောင့်ယှက် မပေးရဲချေ။ သူမ ပြုလုပ်လိုက်သော နောက်ဆုံး နိဂုန်းကား မိန်းမဆိုးကို လက်ထပ်မိလိုက်ခြင်းက ဘဝတစ်လှေျာက် မလိုအပ်သော ကံဆိုးမှုများကို သေချာပေါက် ခေါ်ဆောင်လာလိမ့်မည်။
(လောင်ယာ့တောင်မှ သူရဲကောင်းငါးဖော်သည် ဒုတိယ ဂျပန်- တရုတ်စစ်ပွဲတွင် ဂျပန်များကို ရဲဝင့်စွာ တိုက်ထုတ်ခဲ့သော သူများ ဖြစ်သည်)
"အဲလ်ဗစ် အဲလို မလုပ်ပါနဲ့..." ဂူမန်မန်လက်မောင်းများက အဲလ်ဗစ် လည်ပင်းတွင် ရှိနေဆဲ ဖြစ်ကာ သူမက သူလည်ပင်းပေါ် မှီလျက်ရှိနေပြီး သူ့ကို နှစ်သိမ့်ပေးနေသည် "နီနာနဲ့ ကျွန်မက မတည့်ပေမဲ့ ရှုံးမဲ့သူက ဘယ်တော့မှ ကျွန်မ မဖြစ်နိင်ဘူး ကျွန်မတို့တွေက တမျိုးနွယ်စုထဲက ဆိုတော့ အမြဲတမ်းတွေ့နေရမှာလေ အဲကြောင့် ဒီလိုတွေ လုပ်ဖို့ မလိုဘူး ဟုတ်ပြီလား...."
အဲလ်ဗစ်ဒေါသများက ဂူမန်မန်၏ ချောမော့သည့် အသံကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ တကယ်တော့ သေခြင်း၊ ရှင်ခြင်းအတွက် တိုက်ခိုက်ရန် မလိုအပ်ပေ။ သူ လိုအပ်သည်က ထိုနေရာတွင် ရပ်ကာ နီနာ၏ ပါတနာများကို သူ့တို့အသက် ဂရုစိုက်နိုင်စွမ်း မရှိနိင်တော့လောက်အောင် သားရဲဖိအားများ ထုတ်လွင့်ရုံသာ ဖြစ်သည်။ သို့သော် သူ့ဒေါသကို ဆွမိလိုက်ပြီး သူတို့ကို အဆိုးရွားဆုံး နည်းလမ်းဖြင့် ဖျက်စီးမိချင်လာသည်။ သို့သော်လည်း နီနာက ဂူမန်မန်ကို စော်ကားခဲ့ပြီး ခွန့်တ်၏ ကြားဖြတ်မှုက စည်းမျည်းများကို ချိုးဖောက်ခဲ့သည်။ စိတ်လှုပ်ရှားမှုနှင့် ဂနာမငြိမ်ဖြစ်မှုများကိ ဂူမန်မန်၏ တွေဝေနေမှုနှင့် လီရာ၏ ရည်မှန်းချက်ကြောင့် ဖြစ်လေသည် "ပြန်ရောက်မှ ဆက်ပြောကြတာပေါ့..."
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)