အခန်း (၁၄၅)

1.7K 145 10
                                    


အခန်း (၁၄၅) : ငါ့လီရာလေး

အဲလ်ဗစ်က ဂူမန်မန် ပြန်ဖြေဖို့ရာပင် မစောင့်တော့ဘဲ သေချာဝတ်ဆင်ပြီးသွားသည့် ဂူမန်မန်ကို လက်တစ်ဖက်ဖြင့် သယ်ကာ ကျန်လက်တစ်ဖက်က သူမ အဝတ်ဟောင်းများကို ယူလိုက်သည်။

ထိုအရာများကို လွင့်ပစ်ဖို့ရာ ဖြစ်သော်လည်း သူမက လျှော်ဖွတ်ပြီး နောက်တစ်ကြိမ် ပြန်ဝတ်ဆင်ဦးမည် ဆိုသည့်အတွက် သူမ တောင်းဆိုချက်ကို သဘောတူထားရ၏။

လီရာက နှင်းဖြူမြေခွေးအဖြစ် ပြန်ပြောင်းထားပြီး မနီးမဝေးတွင် မြေပြင်‌ပေါ် လဲလျောင်းရင်း သူတို့ကို စောင့်နေလေ၏။

သူက ဂူမန်မန်နှင့် အဲလ်ဗစ်တို့ကြားမှ စကားဝိုင်းကို ကြားလိုက်ရသည်။ သူ့နှလုံးသားမှ အနည်းငယ် ပျော်ရွင်မှုကိုတော့ မငြင်းဆန်နိုင်ပေ။

တစ်ခုတည်းသော သေချာမသိလိုက်ရသည့် စကားက ဂူမန်မန်သည် သူ့ကို .... ပေးမည်ဆိုပေလား....

သားရဲလောကတွင် မည်သည့် အမျိုးသားက ထိုသို့ ဖြားယောင်းမှုကို ခံနိုင်ရည် ရှိမည်နည်း။ သိုသော် ဂူမန်မန်၏ အစစ်အမှန် ပုံသာ ပေါက်ကြားသွားပါက လီရာသည် ဂူမန်မန်ကို သူ တစ်ယောက်တည်း ကာကွယ်ပေးနိုင်မည် မဟုတ်ကြောင်း သိ၏။ ထိုအခိုက်အတန့်တွင် သားရဲလောက တစ်ခုလုံးကို ရှုပ်ထွေးသွားစေလိမ့်မည်။ ထို့နောက် သူက တစ်ချိန်တည်းတွင် သူမကို ကာကွယ်ရင်း မည်သို့ တိုက်ခိုက်မည်နည်း။

လီရာသည် ဂူမန်မန်က သူမ စကားအတိုင်း မလုပ်ဆောင်နိုင်လျှင်ပင် ဂူမန်မန် စကားနှင့် ပတ်သတ်၍ အတော်အတန် ကျေနပ်မိသွားသည်။

"လီရာကိုပဲ သယ်ခိုင်းလိုက်ပါ...." ဂူမန်မန်က အနည်းငယ် အနေရခက်လာကာ အဲလ်ဗစ်ကို မည်သို့ မျက်နှာချင်းဆိုင်ရမှန်း မသိတော့ပေ။

အဲလ်ဗစ်က တောင့်တင်းသွားသော်လည်း သူက ဘာမှတော့ ပြန်မပြောပေ။ ဂူမန်မန်ကို လီရာကျောပေါ် တင်ပေးလိုက်ပြီး သူတို့ကို ပြောလိုက်၏ "မင်းတို့တွေ စန္ဒီဆီ အရင်သွားနှင့်လိုက်.... ဂူမန်မန် အဝတ်တွေ ထားဖို့ တွင်းတစ်ခု တူးထားလိုက်ဦးမယ်... မကြာခင် လိုက်လာခဲ့မယ်..."

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now