အခန်း (238)

2.1K 211 8
                                    

အခန်း (၂၃၈) : ကိုယ့်ကို ထားမသွားပါနဲ့

ဂူမန်မန် အဲလ်ဗစ် ခါးကို ပြန်ဖက်ထားတုန်း ပူနွေးသောအရာတစ်ခုက သူမ လက်မောင်းပေါ် ကျလာသလို ခံစားရသည်။ သူမ မျက်ရည်တွေ ဖြစ်သည်။ ဂူမန်မန် ရှိုက်ကာ ပြောလိုက်သည်

“ ရှင် ထိခိုက်ထားတယ်.. ထိခိုက်ထားတယ်…”

သူ့ရင်ခွင်ထဲမှ ထွက်ဖို့ကြိုးစားနေသော ဂူမန်မန့်ကို အဲလ်ဗစ် တင်းကျပ်စွာဖက်ထားရင်း သူ ထိန်းမရစွာ တုန်လာသည်။ ခဏအကြာတွင်တော့ အံ့ကြိတ်ကာပြောလိုက်သည်

“ ကိုယ့်ကို ထားမသွားပါနဲ့”

ဂူမန်မန် ရုန်းလို့မရသောအခါ အဲလ်ဗစ်ခြေထောက်ကို တက်နင်းချင်သော်လည်း ဒဏ်ရာကို ထိမည်စိုး၍မလုပ်ရက်ပေ။ ဒါကြောင့် သူမ လက်ကို ယမ်းပြကာ

“ ရှင်က ငတုံးလား။ ကျမက ရှင့်အပိုင်လေ၊ ဘယ်ကိုများ သွားရဉီးမှာလဲ။ ကျမကို လွှတ်ဉီး၊ ဒဏ်ရာကို ကြည့်ရအောင်။”

အဲလ်ဗစ် တောင့်တင်းသွားကာ ဂူမန်မန့် ပုခုံးလေးကို ဆုပ်ကိုင်ရင်း သူမ မျက်လုံးတွေကို စိုက်ကြည့်ကာ မေးလိုက်သည်
“ စောနက လေလွင့် သားရဲကို ကိုယ်သတ်လိုက်တာ မင်းမြင်လား”

“အဲ့ဒါလား” ဂူမန်မန်က အဲလ်ဗစ် ကျောကုန်းက ဒဏ်ရာကိုမြင်ရရန်သာ အာရုံစိုက်နေသည်။ သို့သော် အဲလ်ဗစ်က လွှတ်မပေးသည့်အတွက် ဂူမန်မန် ခုန်ဆွခုန်ဆွလုပ်ကာ ပြောလိုက်သည်

“ မြင်တယ် မြင်တယ် သုံးယောက်လုံးကို မြင်တာ”

“ မင်း… မကြောက်ဖူးလား” အဲလ်ဗစ် မျက်နှာထားက ပါးလွှာသော ရေခဲပြင်ပေါ်ရပ်နေရသလို မတည်ငြိမ်မှု အပြည့်ဖြစ်နေသည်ကို သူ့ အပြာရောင် မျက်လုံးတွေက ဖော်ပြနေသည်။

ဂူမန်မန်က အဲလ်ဗစ်ကို တုံးလှချည်လားဆိုသော မျက်နှာထားဖြင့်ကြည့်ကာ ပြောသည်

“ သူ့တို့ကို ရှင်မသတ်ရင် သူတို့က ကျမတို့ကို သတ်မှာပေါ့။ ကျမက ရွမ်ကျန်း ဘုန်းတော်ကြီးလည်းမဟုတ်သလို မကောင်းဆိုးဝါးတွေကိုလည်း အစာမပေးနိုင်ဘူး။”

“ ကိုယ်က..ရက်စက်တယ်လို့ မင်း မထင်ဘူးလား” အဲလ်ဗစ် ဂူမန်မန့်အဖြေကြောင့် အံ့ဩသွားသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Nơi câu chuyện tồn tại. Hãy khám phá bây giờ