အခန်း (191) ( u & z )

1.9K 197 4
                                    

အခန်း (၁၉၁) : ငါ ဂူမန်မန် ပိုင်တဲ့အရာကို မလုဘူး

နီနာ နှောင့်ယှက်သော်လည်း မပုပ်သိုးအောင် ထိန်းသိမ်းခြင်း အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်သည်။

ဂူမန်မန်နှင့် စန္ဒီသည် မာယာကို ခေါ်လာပြီး စကားပြောရန် တစ်ဖက်တစ်ချက်စီတွင် ထိုင်လိုက်သည်။ နေ့လည်သို့ရောက်သောအခါ ဘာရီတီနှင့် ကော်လင်းက အရင်ပြန်လာခဲ့သည်။ သူတို့နှစ်ယောက် ကြည့်ရတာ အာလူးနှင့် မြှုပ်ထားသလိုပင်ဖြစ်နေသည်။ မသိလျှင် အာလူးတောင်တွေ အသက်ရှိပြီး လမ်းလျှောက်လာသကဲ့သို့ ထင်မှတ်ရသည်။

အာလူးတွေကို နေရာမချခင် ကော်လင်းက မျက်နှာနီလျက် ဂူမန်မန်ဆီ လမ်းလျှောက်လာခဲ့သည်။ သူ့နောက်ကနေ တစ်ခုခုကို ဂူမန်မန့်ဆီပေးရင်း ပြောလိုက်သည်

“ ဒီဟာက အာလူးတွေ ယူနေတုန်း ကောက်ရလာတာ။ ဒီဟာကို ကိုယ်အရင်စားကြည့်ပြီးပြီ အရမ်းအရသာရှိတယ်။ မင်းရော စားချင်လား။”

ဂူမန်မန် မျက်လုံးအရောင်တောက်သွားကာ ကော်လင်း ပုခုံးကို ပုတ်ရင်း ချီးကျူးလိုက်သည် “ ရှင် မဆိုးဘူး ကော်လင်း။ ဒီဟာကိုတောင် ရှာလာနိုင်တယ်။ ဒါကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ။ အဲ့ဒီမှာ အများကြီးရှိလား။

ဂူမန်မန် သဘောကျတာကို တွေ့ရသည့် ကော်လင်း ပါးစပ်ပင် နားရွက်တက်ချိတ်တော့မည်။ သူ့လည်ပင်းကို ပွတ်ရင်း ပြောလိုက်သည်

“ အဲ့တာက အာလူးခင်းနဲ့ ကပ်ရပ်ပဲ။ အဲ့ဒါကြောင့် သိပ်မဝေးဘူး။ အဲ့တာတွေက အာလူးတွေလောက် မများပေမဲ့ နည်းလည်း မနည်းဘူး။”

ဂူမန်မန် စိတ်လှုပ်ရှားစွာဖြင့် ကော်လင်း လက်ကို ဆွဲလိုက်ပြီး ပြောသည် “ ရှင် ကျမကို အဲ့နေရာဆီ ခေါ်သွားပေးနိုင်မလား။”

ကော်လင်း ရှက်သွားကာ ခေါင်းကို တခြားဘက်သို့ လှည့်လိုက်သည်။ သူ့ခေါင်းကို အောက်ငုံ့လိုက်ပြီး မျက်လုံးထောင့်ကနေ ဂူမန်မန့်ကို ကြည့်ကာ ခေါင်းညိတ်ပြသည်။

ဂူမန်မန်က အဲလ်ဗစ်အပေါ် ခုန်တက်လိုက်ပြီး ပြောသည် “ အဲလ်ဗစ် သွားမယ် သွားမယ် ကျမတို့ အာလူးအချို့သွားကောက်ကြရအောင်”

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now