အခန်း (၁၀၃) : ဘိုဒီ၏ ရန်စမှု
"ခေါင်းဆောင်..... ကျွန်မကို သွားခွင့်ပေးပါ့လားနော်....." ဂူမန်မန်က အဲလ်ဗစ်၏ လက်ကို ဘယ်ညာယမ်းရင်း အရှက်မရှိ ကလူမြူကာ ပြောလိုက်သည်။
"အင်း...." အဲလ်ဗစ်က ခေါင်းညိတ်ကာ မာဆတ်ဆတ် ပြောလိုက်လေသည်။
"ရေး... ခေါင်းဆောင်က အကောင်းဆုံးပဲ......"ဂူမန်မန်က ပြောရင်း အဲလ်ဗစ်မျက်နှာကို နမ်းလိုက်လေ၏။ သို့သော် လီရာက သူမလက်ကို ဆွဲထားပြီး "ကိုယ့်အတွက်ရော...." လီရာက သူမျက်နှာကို နီးကပ်စွာ ချည်းကပ်လာလေ၏။ ဂူမန်မန်က နှလုံးခုန်မြန်နေပြီး ရှက်သွေးဖြာနေကာ သူမက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ရင်း မည်သူမှ မကြည့်နေသည့် အချိန်ကို ရွေး၍ လီရာမျက်နှာပေါ်သို့ အနမ်းတစ်ပွင့်ပေးလိုက်သည်။ ထို့နောက် သူမက အသက်လုပြေးနေရသကဲ့သို့ အပြေးအလွှား ထွက်သွားလေ၏။
ပြေးလွှားနေရင်း သူမက အော်ပြောလိုက်သည် "ကော်လင်းရယ်....ဘိုဒီနဲ့ နှင်းမြေခွေးဖမ်းမိတဲ့သူရယ် သုံးယောက် ကျွန်မနောက်လိုက်ခဲ့......"
ကော်လင်းကား ငြင်းဆန်ခြင်း မရှိပေ။ ဂူမန်မန်က သူ့နာမည်ကို အရင်ခေါ်လိုက်သောအခါ သူက သူမ ခေါ်ဆိုမှုကို တုံ့ပြန်ရန် အသင့် ဖြစ်နေသည့်အလား ဂူမန်မန်နှင့် အနီးဆုံးနေရာသို့ အပြေးအလွှား နေရာပြေးဦးလေသည်။
တစ်ဖက်တွင် ဘိုဒီက သိပ်၍ ဆန္ဒမပါသော်ငြား စန္ဒီက သူ့အား တွန်းလွှတ်နေလေ၏။ ထိုသည်က သူ့ကို ဂူမန်မန်စကား နားထောင်ခိုင်းကြောင်း သိသာနေလေသည်။ ထို့ကြောင့် သူ့ အဆင်မပြေမှုကို ချိုးနှိမ်ကာ သူမနောက် လိုက်သွားလိုက်သည်။
သူတို့အထဲတွင် အနှေးဆုံးက နှင်းဖြူမြေခွေးကို ဖမ်းခဲ့သည့် အော့လေ ဖြစ်ကာ သူ့အား ရုတ်တရက် ကောင်းချီးပေးမှုကို ကြောင်နေမိ၏။
"အော့လေ.... မြန်မြန်လာ....." ကော်လင်းက သီးသန့်အဖွဲ့အတွက် တွဲဖက်ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်၏။ ထို့အပြင် သူက ဂူမန်မန်နှင့် အရင်းနှီးဆုံး ဖြစ်ကာ သူမနှင့်ဆက်ဆံရေးကား ယုန်သားကို ကူဆေးကြောပေးရာမှ စတင်ခဲ့၏။

YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)