အခန်း (190) ( u & z )

2K 191 4
                                    

အခန်း (၁၉၀) : အဲလ်ဗစ်ရဲ့ ပြည့်စုံသော ထောက်ခံမှု

ဂူမန်မန် သူမကိုယ်သူမ လက်မောင်းနှင့် ဖက်လိုက်ပြီး အဲလ်ဗစ် ရင်ခွင်ထဲသို့တိုးဝင်နေသည်။ သူမ အဲလ်ဗစ် ရင်ဘတ်ကို မှီထားရင်း ဘာစကားမှမပြောပဲ ရပ်နေသည်။

“မင်း မပျော်ရင် နဇိုင်းရယ်က ထွက်သွားလို့ရတယ်” အဲလ်ဗစ်က အေးစက်စွာ ပြောလိုက်သည်။

ဂူမန်မန်၏ နှုတ်ခမ်းပါးတို့ ကွေးညွတ်သွားရသည်။ အဲလ်ဗစ်က ဘယ်သူ မှားတယ် မှန်တယ် မမေးဘဲ သူမဘက်မှ ရပ်တည်ပေးခြင်းသည် သူမကို စိတ်ကျေနပ်စေသည်။ အမျိုးသမီးတွေက မျိုးနွယ်စုအတွက် ဘယ်လောက် အရေးပါမှန်း သူမသိသည်။ အဲ့ဒါက နီနာ့လိုလူမျိုး ဖြစ်နေမည်ဆိုလျှင်တောင် အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။ နဇိုင်းရယ်ရဲ့ တိုးတက်မှုအတွက် ဒါကို အကြာကြီး အချိန်မဆွဲသင့်ဘူးမလား။

ဒါပေမဲ့ စည်းမျဉ်းနဲ့ သဘောထားဆိုတာ လုံးဝ မတူတဲ့ အရာနှစ်ခုပဲလေ။

ဂူမန်မန် သူများကို ဒုက္ခ မပေးချင်ပေ။ ထို့ကြောင့် အဲလ်ဗစ် သူမကို ထောက်ခံပေးတုန်းက ဘာမှ မပြောခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဂူမန်မန် နီနာ့ကို ပြောလိုက်သည်

“ ဒါမှမဟုတ် နင့်ရဲ့ပါတနာတွေကို အစာဘယ်လိုသိုလှောင်ရမလဲဆိုတာ သင်ခိုင်းလိုက်လေ။ အဲ့ဒါဆိုရင် ဆောင်းတွင်းမရောက်ခင် အစာ လုံလုံလောက်လောက် သိုလှောင်လို့ရပြီလေ။”

နီနာက အောက်နှုတ်ခမ်းကိုသာ ကိုက်ထားပြီး ဘာမှမပြောပဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။

ဟန့်တားနေတဲ့သူ ထွက်သွားတာကိုကြည့်ပြီး ဂူမန်မန် လက်တွေယမ်းကာ အားလုံးကို သူတို့ အသားတွေယူလာဖို့ပြောလိုက်သည်။

အမျိုးသားအကုန်လုံးက ညီညာနေအောင် ရပ်နေကြတာမျိုးတော့ မဟုတ်ပဲ တစ်ယောက်တစ်ယောက် လက်တစ်ကမ်းစီ ခြားကာ ရပ်ရင်း ဂူမန်မန် ဆက်ပြောသည်ကို နားစွင့်နေကြသည်။

ဂူမန်မန်က အရင်က အဲလ်ဗစ်ကို လုပ်ခိုင်းထားသော ဆားမှုန့်ကို ယူကာ အသားတစ်တုံးပေါ်ဖြူးကာ လုပ်နည်းကို ပြသသည်။ ထို့နောက် သူမအတိုင်း လိုက်လုပ်ရန် ပြောသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now