အခန်း (၁၀၄)

2.1K 165 0
                                    


အခန်း (၁၀၄) : စန္ဒီမှာ ကျွန်မ ရှိတယ် ဘာလို့ ရှင့်ကို လိုမှာလဲ

ဂူမန်မန်က ဘိုဒီကို ပြန်မပြောခင် နှာခေါင်းရှုံကာ ကြည့်လိုက်လေသည် "စန္ဒီကြောင့်သာ မဟုတ်ရင် ရှင့်ကို အတူခေါ်လာမယ် ထင်နေလား...."

ဂူမန်မန်က သူ့ကို ခေါ်လာသည့် အမှန်တကယ် အကြောင်းကား လက်ရှိနေရာတွင် အဲလ်ဗစ်နှင့် လီရာမှ လွဲ၍ သူမ မှတ်မိသော နာမည်က ကော်လင်းနှင့် ဘိုဒီသာ ရှိကြောင်းကို ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။

ဘိုဒီက ဒေါသတကြီး ဖြစ်နေလျှင်ပင် သူ့တွင် ရွေးချယ်စရာ မရှိပေ။ အကယ်၍ ဂူမန်မန်သာ အမျိုးသား ဖြစ်ပါက စိန်ခေါ်တိုက်ခိုက်မည် ဖြစ်သော်လည်း ဂူမန်မန်က အမျိုးသမီး ဖြစ်နေပေ၏။ သူက ခွန့်တ် မဟုတ်သည့်အတွက် အမျိုးသမီးများကို နာကျင်အောင် မလုပ်နိုင်ချေ။

ထို့အပြင် ဂူမန်မန်သာ သူ့ကြောင့် ထိခိုက်သွားပါက အဲလ်ဗစ်နှင့် လီရာကို အသာထား စန္ဒီသည်ပင် သူ့အား ခွင့်လွတ်မည် မဟုတ်ပေ။ စန္ဒီက ဂူမန်မန်အပေါ်တွင် မည်မျှ မြတ်နိုး ကိုးကွယ်ကြောင်းကို တွေးကြည့်ပြီး ဘိုဒီက ခေါင်းကို ခါယမ်းကာ နောက်ဆုတ်လိုက်ရ၏။ သူက ခေါင်းတဖက် စောင်းလိုက်ကာ စိတ်မရှည်စွာ မေးလိုက်လေသည် "အဲဆို အခုငါတို့ သုံးယောက်ကို ဘာလုပ်စေချင်တာလဲ..... မြန်မြန်ပြော..... ငါ ပြန်ပြီးတော့ စန္ဒီကို အဖော်ပြုပေးရဦးမှာ......"

ဂူမန်မန်က နတ်ဆိုးဆိုး ဆန်ဆန် ပြုံးလိုက်ပြီး "စန္ဒီမှာ ကျွန်မ ရှိတယ်လေ ဘာလို့ ရှင့်ကို လိုမှာလဲ....."

ကောင်းပြီ.... ထိုစကားက ချက်ကောင်းကို ထိသွားပြီး ဘိုဒီသည် ပြန်လည်ချေပရမည့် စကားကိုပင် ရှာမတွေ့တော့ချေ။ သူက အသက်ဝအောင် ရှုထုတ်လိုက်ပြီး ပို၍ပင် သုန်မှုန်သွားလေသည်။

ဘိုဒီ အရှုံးပေးလိုက်သည်ကို မြင်ပြီး ဂူမန်မန်က သူမ ဘာသာ ဂုဏ်ယူမိသွားလေသည်။ ရှင်က ကျွန်မနဲ့ ပြိုင်ငြင်းချင်တာလား...... ဟီးဟီး..... သေတဲ့အထိ ငြင်းပေးမယ်လေ.....

ဂူမန်မန်က လှည့်ကြည့်လိုက်သောအခါ ဘေးမှာ ရပ်နေသော ကော်လင်းနှင့် အခြားအမျိုးသားကို တွေ့လိုက်ရ၏။ သူမက မေးကို ပွတ်လိုက်ပြီး မေးလိုက်လေသည် "ကော်လင်းက ရှင့်ကို အော့လေလို့ ခေါ်တာ ကြားလိုက်သလားလို့....."

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now