အခန်း (၁၂၄)

1.8K 163 9
                                    


အခန်း (၁၂၄) : လီရာ၏ ကလေးဆန်ဆန် လက်စားချေမှု

ဂူမန်မန်က လုံးဝကြောင်သွားကာ အချိန်အတော်ကြာမှ သူမ သဘောပေါက်သွားလေ၏။ သူမက ကြမ်းပြင်ပေါ် လူးလိမ့်ကာ ဝက်ဝက်ကွဲ ရယ်မောလိုက်သည်။

အဲလ်ဗစ်က သူမ ရယ်သံကြောင့် စိတ်လွတ်သွားကာ သူ့ဒေါသများက တဖြေးဖြေးချင်း ပျောက်ကွယ်သွားတော့သည်။

လီရာက အာဒီလီ၏ ဒဏ်ရာများကို ကုသပြီး၍ အလျှင်စလို ပြန်ပြေးလာခဲ့သည်။ လမ်းတဝက်တွင် နီနာ ပါတနာများက သူ့ကို နီနာ၏ လည်ပင်းက ဒဏ်ရာနှင့် ခွန့်တ်ကို ကုသပေးရန် တားဆီးလိုက်ကြသည်။

အကြည့်တစ်ချက်တည်းဖြင့် လီရာက နီနာ၏ ဒဏ်ရာကား အဲလ်ဗစ်၏ အပြောင်မြောက်ဆုံး လက်ရာမှန်း တန်းသိလိုက်သည်။ အတိတ်တုန်းက သူ မည်မျှပင် စိတ်ဆိုးဒေါသထွက်စေကာမူ အမျိုးသမီးတစ်ယောက်ကို ဒဏ်ရာရအောင် မလုပ်ဖူးပေ။ ဤအကြိမ်တွင် သူသည်းမခံနိုင်တော့သည့်အထိ ဖြစ်ခဲ့ပုံရ၏။ နီနာက ဂူမန်မန်ကို ရန်စခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ ထိုအရာကို တွေးမိပြီး လီရာက နီနာ၏ ဆေးတွင် အဝါရောင် အမြစ်ကို ခိုးထည့်ပေးလိုက်ပြီး နီနာ မချိတင်ကဲ ငြီးငြူနေသည်ကို တွေ့မှ လီရာက သန့်စင်မြင့်မြတ်သော ဟန်ပန်ဖြင့် သူ့ကိုယ်သူ ပြောလိုက်သည် "ဂူမန်မန်ကို ရန်စတဲ့အတွက် ခံပတော့...."

သို့သော် ထိုသို့ လုပ်ပြီးသည်နှင့် လီရာက ပြန်လာလိုက်သည်။

သူက အမှန်တကယ် အမျိုးသမီးများကြား ပဋိပက္ခများထဲ ပါမိသွားတာလား... ပြီးတော့ ဒီလိုကလေးဆန်ဆန် နည်းလမ်းဖြင့်.....

ဂူမန်မန်၏ လွမ်းမိုးမှုက အမှန်တကယ်ပင် အထင်သေးသင့်သော အရာမဟုတ်ပေ။

လီရာက ဂူမန်မန်ဘေးသို့ မြန်မြန် ပြန်သွားချင်မိသည်။ သူတို့က မိတ်မလိုက်ရသေးသော်လည်း သူမဘေးတွင် ရှိနေခြင်းက အိမ်မှာကဲ့သို့ ခံစားနေရမှန်း မသိစိတ်က ပြောပြနေ၏။

သူ ပြန်ရောက်သည့်အခါ ဂူမန်မန် ရယ်မောနေဆဲ ဖြစ်ကာ မတ်မတ်ပင် မရပ်နိုင်ဘဲ မြေပြင်ပေါ် လူးလိမ့် ရယ်မောနေလေသည်။ သူမ အဘယ်ကြောင့် ရယ်မောနေမှန်း မသိသော်ငြား သူ့နှုတ်ခမ်းများက ကွေးညွှတ်သွားပြီး အကြည့်များလဲ နူးညံ့လာလေ၏။

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora