အခန်း (၁၃၀) : မမျှတသော သဘောတူချက်
သမိုင်းတစ်လျောက်တွင် နတ်ဘုရား ပြစ်ဒဏ်ကို ခံယူပြီး အသက်ပြန်ရှင်လာသည်က ကြုံတောင့်ကြုံခဲ ဖြစ်စဉ် ဖြစ်သော်လည်း ဂူမန်မန် ပါးစပ်ဖျားတွင် ပြောဖို့ရာ မထိုက်တန်သည့် အသေးအမွား ဖြစ်နေလေ၏။
လီရာက ရယ်ချင်စိတ်ကို ချုပ်ထိန်းထားလိုက်ရသည်။ သူတို့သည် အချိန်တိုလေးသာ တွေ့ဖူးခြင်း ဖြစ်သော်လည်း ဂူမန်မန်၏ ထူးဆန်းမှုများနှင့် အသားကျနေလေပြီ။
သူက ပြုံးလိုက်ရင်း ပြောလိုက်သည် "ကောင်းပြီလေ မင်းက ကိုယ့်ကို သင်ပေးပြီးပြီဆိုတော့ မင်းက နဇိုင်းရယ်မျိုးနွယ်အတွက် အကျိုးပြုလိုက်တာပဲ အခု စိတ်အေးလက်အေး နေနိုင်ပြီမလား...."
"အဲဒါ ထည့်မတွက်ဘူးလေ.." ဂူမန်မန်က ခေါင်းခါလိုက်သည် "ဒါက သာမာန် ဗဟုသုတ်လေး တစ်ခုပဲဟာ အဲဒါကို ရာသီ တစ်ခုလုံးစာ အစားအသောက် နေစရာနဲ့ လဲရင် မတရားဘူးလေ အဲလို တစ်ဖက်သတ်ဆန်ဆန် လဲလှယ်မှုကို လက်မှတ်ထိုးပြီးတာနဲ့ ဥပဒေက တောင် ဘာမှ ကာကွယ်ပေးလို့ မရတော့ဘူး"
လီရာက လက်မှတ်ထိုးတာတွေ သို့မဟုတ် ဥပဒေ၏ အကာအကွယ်တွေ အကြောင်းတစ်ခုမှ မသိပေ။ သို့သော် ဂူမန်မန် ဆိုလိုရင်းကိုတော့ သဘောပေါက်၏။ တခြားအမျိုးသမီးတွေအတွက် အမျျိုးသားများ၏ ဂရုစိုက်မှု ခံယူလျှင် ထိုသူများက သူတို့ပါတနာ မဟုတ်လျှင် ပြန်၍ မပေးဆပ်ဘဲ အကူအညီမတောင်းဆိုနိုင်ချေ။
အမျိုးသမီးများ၏ မျက်လုံးထဲတွင် မင်းကို တစ်ခုခု တောင်းဆိုသည်ကိုက ကမ္ဘာမြေ၏ ကြီးမားသော ကောင်းချီးဖြစ်ကာ ထိုအရာကို အပြန်အလှန် တောင်းဆိုရဲသေးသည်လား....ဘယ်လို ပြက်လုံးမျိုးပါလိမ့်....
အမျိုးသားများ ၏ မျက်လုံးထဲတွင် အတူတူ ဖြစ်သည်။
ဂူမန်မန်က ကွဲပြားလှသည်။
လီရာက ခဏတာ တွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည် "မင်းက ဘာရီတီ အသက်ကို ကယ်ခဲ့မှတော့ ဒီဆောင်းတွင်းအတွက် အစားအသောက်နဲ့ဆို ကျေပြီလေ အဲလ်ဗစ်နဲ့ငါက မင်းရဲ့ တခြား လိုအပ်တာတွေ လုပ်ပေးမယ် ငါတို့ကို ထပ်မငြင်းပါနဲ့တော့လား မဟုတ်ရင်... ငါတို့ ဝမ်းနည်းရလိမ့်မယ်..... "
VOCÊ ESTÁ LENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)