အခန်း (199) ( u & z )

1.9K 194 0
                                    

အခန်း (၁၉၉) : ဂူမန်မန် နစ်နာမှုအတွက် ဟန်ဆောင်ခြင်း

ဂူမန်မန် မီးတုတ်ကို ကိုင်လာပြီး အဲလ်ဗစ်နှင့် တိုက်ခိုက်နေသော သစ္စာရှိ တမန်တော်ဆီ ဉီးတည်လာသည်။ ထိုအခါ ဂူမန်မန့် လက်ထဲက မီးတုတ်ကို ကြည့်ပြီး သစ္စာရှိတမန်တော် သူ့ မျက်လုံးသူ မယုံနိုင်ဖြစ်သွားရသည်။ သူမ ကောက်ကျစ်စွာ ပြုံးလိုက်သည်။

တစ်ယောက်ယောက်ကို အသက်ရှူမှားစေနိုင်လောက်တဲ့အထိ လှပသော ထိုအမျိုးသမီးဟာ သားရဲနတ်ဘုရားရဲ့ နောက်ထပ်တမန်တော် တစ်ဉီး ဖြစ်ကြောင်း သူယုံရန် နောက်ထပ် သက်သေများ မလိုတော့ပေ။

အဲလ်ဗစ် သူ့ကို သက်ညှာပေးမည် မဟုတ်ပေ။ သူ့မေးစေ့ကို ထိုးလိုက်သည့်အတွက် သွေးတွေရော သွားတစ်ချောင်းပါကျွတ်ထွက်သွားကာ တမန်တော်ပါ နောက်ကို လဲကျသွားသည်။ ထိုကဲ့သို့ ဖြစ်သွားသည်ကိုပင် သူ ဂူမန်မန် ဖက်ကိုသာ စိုက်ကြည့်နေသည်။ သူ့ မျက်လုံးတွေက အနည်းငယ် မုန်းတီးနေပုံ ပေါက်သော်လည်း ဘာကိုဆိုလိုချင်မှန်း ကောင်းကောင်းမသိပါ။

ဂူမန်မန် အဲလ်ဗစ် လက်မောင်းကို ပုတ်ကာပြောလိုက်သည်

“ ရှင် ပင်ပန်းသွားပြီ ခေါင်းဆောင်။ ကျန်တာ ကျမ တာဝန်ထားလိုက်ပါ။”

အဲလ်ဗစ် မြေပြင်ပေါ် လဲကျနေပြီး ပြန်မထနိုင်တော့သော တမန်တော်ကို ဘာမှမပြောပဲ စိုက်ကြည့်နေသည်။ သူ နောက်ပြန်လျှောက်လာပြီး သူ့ကိုသတ်ရန် သင့်တော်သော အကွာအဝေးကနေစောင့်ကာ ဂူမန်မန်ကို အရင် စိတ်ထွက်ပေါက် ရစေရန် အချိန်ပေးလိုက်သည်။

“ သစ္စာရှိ တမန်တော်ကြီးရေ”

ဂူမန်မန် သူ့ဘေးစောင့်ကြောင့်ထိုင်ကာ သူသွေးထွက်နေသည်ကို လှောင်ရယ်လိုက်သည်။ သူမ အထင်သေးသလိုကြည့်ကာ ပြောလိုက်သည် “ ရှင် အဝေးကြီးက လာခဲ့ရတာကြောင့် ကျမတို့က ဧည့်ဝတ်ကျေပွန်သင့်တာ။ ဒါပေမဲ့ ရှင့်ရဲ့ လေးစားမှု မရှိတဲ့ပုံစံက ကျမကို စိတ်မသက်မသာ ဖြစ်စေတယ်။”

ဂူမန်မန် တမန်တော်ကို စကားပြောခွင့် မပေးပေ။ သူမ လက်ဖျောက်တီးလိုက်သောအခါ မီးတောက်လာသည်။ ထိုအခါ တမန်တော်အံ့ဩသွားသည်ကို သူမ မျက်လုံးထောင့်က မြင်ရသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Hikayelerin yaşadığı yer. Şimdi keşfedin