အခန်း(161) ( U & Z )

1.8K 178 6
                                    

အခန်း (၁၆၁) : လီရာရေ ကျမ ရှင့်ကို လာကြိုပြီ

စန္ဒီက အကြာကြီးငိုနေပြီး ဂူမန်မန်ကတော့ သူမအငိုတိတ်သည့် အထိ ဖက်ထားခြင်းကို ခံနေရသည်။ ထို့နောက် သူမက ရှိုက်ပြီး ပြောလိုက်သည်

“ဂူမန်မန်ရေ အရမ်း စိတ်မကောင်းမဖြစ်ပါနဲ့နော်။ လီရာ  သူက ……. ဒါပေမဲ့ နင့်မှာ အဲလ်ဗစ်ရှိသေးတာပဲ။ နီနာကို အခွင့်မပေးပဲ သူ့ကို ပါတနာအဖြစ်မြန်မြန် လက်ခံလိုက်တော့လေ ... ”

စန္ဒီက ထိုစကားကို အထစ်ထစ် အငေါ့ငေါ့ ပြောနေသေည်လည်း ဂူမန်မန်ကတော့ အတော်လေး တုန်လှုပ်နေလေသည်။ သူမသည် စန္ဒီ၏ လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး မေးလိုက်သည် “ငါ့ကိုပြောပါ…..လီရာဘာဖြစ်သွားလဲဆိုတာ”

စန္ဒီက ဂူမန်မန် ကို  မို့အစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး တွန့်ဆုတ်စွာ မေးလိုက်သည် “နင်…..အခုထိမသိသေးဘူးလားဟင်”

ဂူမန်မန် ပြန်မေးလိုက်သည် “ငါ သိသင့်နေတဲ့ အကြောင်းအရာက ဘာလဲ”

စန္ဒီက  ပို၍ပင် ငိုလာခဲ့သည်။ ဂူမန်မန်က  ပိုပြီး မချင့်မရဲ ဖြစ်လာရလေသည်။ ထိုအချိန်မှာပဲ စန္ဒီ ငိုနေခြင်းက  အနိုင်ကျင့်ခံရသည့်အတွက် မဟုတ်ပဲ လီရာနှင့်ပတ်သက်ပြီး သူမအတွက် ငိုနေသည်ကို ခံစားလာမိသည်။

ဂူမန်မန်က စန္ဒီ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး စိတ်လျှော့စေသည် “မငိုပါနဲ့တော့ဟာ…… လီရာ ဘာဖြစ်သွားတယ်ဆိုတာ ငါ့ကိုအရင်ပြောပြပါဉီး”

မျက်ရည်ရွှဲလည်းနှင့် စန္ဒီက ငိုသံပါကြီးဖြင့် ပြောလိုက်သည် “လီရာကလေ……နီနာနဲ့ လက်တွဲတော့မယ်တဲ့”

“ဘာ” ဂူမန်မန် ခြေနှစ်လှမ်းပင် ဆုတ်သွားရသည်။ သူမ ခေါင်းယမ်းကာ အားပြု  ပြုံးလိုက်နောက် “ဟင့်အင်း..မဖြစ်နိုင်ဘူး လီရာက မနေ့ကတောင် ငါနဲ့အဆင်ပြေနေသေးတာ။ အဲ့ဒါကို ဒီနေ့ နီနာကို ပါတနာအဖြစ် ရွေးသွားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာပဲ”

“ဒါပေမဲ့ အဲ့တာက အမှန်ပဲ၊ မျိုးနွယ်စုက လူတွေတောင် သိပြီးနေကြပြီ ..... ” ဂူမန်မန်က စန္ဒီလက်ကို လွှတ်လိုက်ပြီး  ရပ်နေသည့် နေရာမှာပင် အပြင်းအထန် ငိုကြွေးတော့သည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now