အခန်း (၁၀၆)

2K 165 2
                                    


အခန်း (၁၀၆) သူက ထိုအချက်ကို သည်းမခံနိုင်ပေ


"မင်း...." ဘိုဒီက စိတ်ဆိုးဒေါသထွက်လွန်း၍ တစ်ယောက်ယောက်ကို ကိုက်ပစ်ချင်နေ၏။ သို့သော် ဂူမန်မန်က အမျိုးသမီး ဖြစ်နေလေသည်။ ဘာကြောင့်လဲ..... ဂူမန်မန်က ဘာကြောင့် အမျိုးသား မဟုတ်ရတာလဲ......

"ပြီးတော့ ရှင်တို့ နှစ်ယောက်....." ဂူမန်မန်က ကော်လင်းနှင့် အော့လေ ဘက်သို့ လှည့်ကာ "တစ်ယောက်မှ ဘိုဒီက စန္ဒီကို အဝါရောင်အနှစ် ကူရှာမပေးချင်တဲ့ အကြောင်းကို မပြောရဘူးနော်......စန္ဒီက အသည်းငယ်တတ်တဲ့လူ ဖြစ်လို့ နီနာဆီက အနိုင်ကျင့်ခံရတဲ့ ကိစ္စ သေးသေးလေး တွေကိုတောင် ငိုကြွေးနေရှာတာ...တကယ်လို့သာ မျိုးနွယ်စုက သိသွားခဲ့ရင် စန္ဒီ ဘယ်လောက်တောင် ဝေဖန်ခံရမလဲ..... အရင်တုန်းက နီနာက စန္ဒီကို သားရဲတစ်ဝက်ဖြစ်လို့ ခဏတိုင်း နှိမ်ပြီး လှောင်ပြောင်ခဲ့တယ် ပြီးတော့ အခုလဲ ဘိုဒီက ကိစ္စသေးသေးလေးကို လုပ်မပေးတာကို စန္ဒီက သားရဲတစ်ဝက် ဖြစ်နေလို့ဆိုပြီး ပြောလိမ့်မယ်..... စန္ဒီကို ဒီလို လှောင်ပြောင်သရော်မှုမျိုးကို မကြားစေချင်ဘူး....အဲကြောင့် ဘယ်သူကိုမှ တစ်ခွန်းမှ ပြန်မပြောကြနဲ့နော်....."

ကော်လင်းနှင့် အော့လေတို့က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီး မိမိဘာသာ ပြန်တွေးကြည့်မိလိုက်သည်။ ထိုစကားလုံးများက ဂူမန်မန်က စန္ဒီအတွက် စိတ်ပူပေးနေပုံ ရသော်လည်း တချို့သော အပိုင်းများတွင် ဘာကြောင့် ထူးဆန်းနေသည်ဟု ခံစားနေရသနည်း.....

"မင်းကို ခေါ်သွားပေးမယ်....." ဘိုဒီက နောက်ဆုံးတွင် လက်လျော့လိုက်ရ၏။ သူ့ကို လှောင်ပြောင်သည် ဖြစ်စေ သို့မဟုတ် ဝိုင်းကြဉ်သည် ဖြစ်စေ သူ့အတွက် ကိစ္စမရှိချေ။ အနာဂတ်တွင် စန္ဒီက ပါတနာအသစ် ရှိလာလျှင်ပင် လက်ခံနိုင်ရန် ပြင်ဆင်ထားလေသည်။ သို့သော် ဤကိစ္စဖြင့် စန္ဒီကို နီနာက အနိုင်ကျင့်မည့် အချက်ကို သည်းမခံနိုင်ချေ။

"တကယ်လား...." ဂူမန်မန်က သံသယဖြင့် ဘိုဒီကို လှည့်ကြည့်လိုက်လေ၏။

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora