အခန်း (၁၀၂) : ဘာမှ အလုပ်မဖြစ်လျှင် ခြေသလုံးဖက်ခြင်းသည် သေချာပေါက် အလုပ်ဖြစ်လိမ့်မည်
ဂူမန်မန်သည် ကျားကို အမဲလိုက်ခဲ့သော သူကို ကြည့်လိုက်သည့်အခါ ထိုလူက မျက်နှာနီရဲကာ ရှက်သွားလေ၏။ သူမက ရှေ့သို့ထွက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည် "စစ်သည်တော်.... ရှင်က နှင်းဖြူမြေခွေးကို အမဲလိုက်ဖို့ သတ္တိရှိတယ်ပေါ့...... လီရာက ရှင့်ကို ရိုက်မှာ မကြောက်ဘူးလား...."
နှင်းဖြူမြေခွေးအား အမဲလိုက်ခဲ့သူသည် ဂူမန်မန်အား နားမလည်စွာ ကြည့်လိုက်ရင်း လီရာအား မကြည့်ခင် လေးလေးနက်နက် မေးလိုက်သည် "လီရာက ဘာလို့ ရိုက်မှာလဲ....."
လီရာကား အမဲလိုက်သူကို ပြန်မဖြေသော်ငြား ဂူမန်မန်ခါးကို ဆွဲဖက်ကာ သူမခေါင်းကို အသာယာ ခေါက်လိုက်သည်။ သူမခေါင်းကို ပွတ်နေတာကို ကြည့်ရင်း သူသည် သူမအား အလွယ်တကူ ခွင့်မလွတ်ချင်ပေမဲ့ အပြုံးတို့ ဖြစ်တည်လာလေ၏။ ထို့ကြောင့် သူသည် အညင်သာဆုံး အပြုံးနှင့် အနူးညံ့ဆုံးအသံတို့ကို ပေါင်းစပ်ကာ မေးလိုက်သည် "မင်းက ကိုယ့်ကို မြေခွေးရိုင်းလို့ ဆက်ဆံနေတာလား......"
ဂူမန်မန်သည် လည်ပင် ပြုတ်ထွက်မတတ် ခါယမ်းလိုက်ကာ "မဟုတ်ပါဘူး....ဒယ်ဒီလီရာက သန်မာပြီးတော့ အင်အားလဲ ကြီးတယ် ဘယ်လိုလုပ် သာမာန် မြေခွေးလေးနဲ့ ယှဉ်ပါ့မလဲ......"
"အို....." လီရာသည် ထိုအမှန်တရားတွင် အလိမ်အညာ အနည်းငယ် ပါရှိမှန်း သိသော်ငြား ဂူမန်မန်၏ မြှောက်ပင့်ပြောဆိုမှုကို နှစ်သက်လေသည်။ သို့သော် အကယ်၍ လိမ်ညာမှုဆိုလျှင်ပင် ဘာအရေးလဲ.....သူမ ပြောသမျှ နှစ်သက်၏။
"တကယ်ပါ..... တကယ်..." ဂူမန်မန်သည် ခေါင်းကို အားရပါးရ ညိတ်လိုက်ပြီး အလေးအနက် ဆက်ပြောလိုက်သည်။
"ဟုတ်ပြီ..." လီရာသည် ဂူမန်မန်နားသီးလေးကို အနမ်းခြွေလိုက်ကာ အသာအယာ ကိုက်ယူလိုက်သည်။ ထို့နောက် ကျေနပ်သွားမှ သူမအား လွှတ်ပေးလိုက်ကာ အားလုံး၏ သားကောင်များကို ဦးစီးတစ်ယောက်ကဲ့သို့ ကြည့်ရှုခွင့်ပေးလိုက်သည်။
![](https://img.wattpad.com/cover/208922135-288-k490255.jpg)
ČTEŠ
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)