အခန်း (၁၀၇) ဘာကြောင့် ဂူမန်မန်က အမျိုးသား မဟုတ်ရတာလဲ
ဂူမန်မန်က အရေးမစိုက်ဟန်ဖြင့် ဘိုဒီအား ညင်ညင်သာသာ ပြောလိုက်သည် "ရှင်က သွားမစသရွေ့ အဝါရောင် စူးရှပိုးမွှားတွေက ရုတ်တရက် တိုက်ခိုက်မှာ မဟုတ်ဘူး..... ငြိမ်ငြိမ်လေးနေ.....ဒီအတိုင်းလေးပဲနေ....."
ဘိုဒီ၏ သွေးကြောများသည် ထောင်တက်လာပြီး စိတ်ထဲမှ အကြိမ် ရာပေါင်းများစွာ အော်ဟစ်နေလေသည် "ဘာကြောင့် ဂူမန်မန်က အမျိုးသား မဟုတ်ရတာလဲ...."
ဂူမန်မန်က အချိန်ဖြုန်းတီးခြင်းကို သဘောမကျသည့်အတွက် သူမက ဘိုဒီ မပေါက်ကွဲခင် ပြန်လှည့်လာလိုက်လေသည်။ သူမက ဖုန်တွေကို ခါထုတ်ရင်း လုပ်ဆောင်ရမည့် နေရာတွေကို စီစဉ်ပေးလိုက်သည် "ကော်လေးက ရှင်က သန်မာတဲ့အတွက် ကျွန်မကို အရွက်စို အရွက်ခြောက် နည်းနည်းစီ ရှာပေးပါ့လား....."
"ကောင်းပြီ...." ကော်လင်းက ဂူမန်မန်၏ စီစဉ်မှုကို မငြင်းဆန်ချေ။ သူက ခေါင်းညိတ်လိုက်ပြီး ဂူမန်မန် လိုအပ်သည့်အရာများကို တဖက်တွင် စုဆောင်းနေလိုက်သည်။
"ကော်လင်း ပြင်ဆင်နေတုန်းမှာ အော့လေ ရှင်က ကျွန်မကို ကူပြီး မီးမွှေးပေးပါ့လား ...." ဂူမန်မန်က အော့လေနှင့်သိပ်မရင်းနှီးသေးသည့်အတွက် ပို၍ ယဉ်ယဉ်ကျေးကျေး တောင်းဆိုလိုက်လေသည်။ သို့သော် ဂူမန်မန်၏ ယဉ်ကျေးမှုက အော့လေကို စိတ်ပျက်သွားစေ၏။ သူသည် ဂူမန်မန် အရွယ်ရောက်သည့် အခမ်းအနားတွင် ကော်လင်းလောက် မကြိုးစားခဲ့သည့်အတွက် ဖြစ်ရမည်ဟု ထင်မှတ်နေလေ၏။ ထို့ကြောင့်သာ ဂူမန်မန်က သူ့အား သူစိမ်းတယောက်ကဲ့သို့ ဆက်ဆံခြင်း ဖြစ်ရမည်။
အော့လေက ဒီရက်အတွင်း အကောင်းဆုံး ကြိုးစားရန် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့အလုပ်ကို ပြီးစီးအောင်လုပ်ရန် ကတိ ပေးလိုက်လေသည်။
ဂူမန်မန်က ဘိုဒီကို လှည့်ကြည့်ကာ ဘိုဒီ မျက်လုံးရှေ့တွင် စက်ဝိုင်းသဏ္ဍာန် အချို့ ရေးစွဲလိုက်ကာ ပြောလိုက်သည် "ရှင်က....."
BẠN ĐANG ĐỌC
အလှလေး ရှောင်မန် (Myanmar translation) Book 2
Lãng mạnThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)