အခန်း (198) ( u & z )

1.9K 195 3
                                    

အခန်း (၁၉၈) : သူကို့ သေတဲ့အထိရိုက်

ဂူမန်မန်က ကြောက်စရာကောင်းအောင်ပြုံးကာ ထိုလူကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်

“ သူ့ကို ရိုက်၊ သူ့ကို သေသွားတဲ့အထိရိုက်”

“ဟုတ်ပြီ” အဲလ်ဗစ် ဂူမန်မန့် နဖူးလေးကို ငြင်သာစွာ နမ်းရင်း သူမကို အောက်ချလိုက်သည်။ သူ ထိုလူဆီ နတ်ဆိုးတစ်ယောက်ကဲ့သို့ လျှောက်သွားသည်။

ဂူမန်မန်လည်း ဒီတိုင်းပဲ ရပ်ကြည့်မနေပေ။ သူမ သားရေ အဝတ်ကို ဖြဲလိုက်ကာ အနီးဆုံး ဒဏ်ရာရသူဆီ သွားလိုက်ပြီး နှလုံးအနီးရှိ ဒဏ်ရာကို စည်းနှောင်လိုက်သည်။ ကြမ်းပြင်ပေါ်လဲနေသော သူရဲ့ နာမည်ကို စဉ်းစားလို့မရတော့ပေမဲ့ မျက်နှာကိုတော့ ဂူမန်မန် မှတ်မိသည်။ သူတို့ အာလူးတွေလည်း အတူတူကောက်ဖူးသလို အသားလည်းသိုလှောင်ဖူးသည်။

“ဂူမန်မန်….ငါတောင်းပန်ပါတယ်။ ငါက အရမ်းအားနည်းတယ်။” သူ ရှက်နေသည့်အတွက် ဂူမန်မန်နှင့် အကြည့်ပင် မစုံရဲတော့ပေ။

အစကတည်းက “ အားနည်းခြင်းက သေခြင်းနဲ့ပဲ ထိုက်တန်သည်” ဆိုသော စည်းမျဉ်းကို ဂူမန်မန် လက်မခံခဲ့ပေ။

သူမက သူ့ပုခုံးကို ပုတ်ကာ ပြောသည် “ အဲ့လိုမတွေးပါနဲ့ ရှင်က အရမ်းသတ္တိရှိပါတယ်။ သူ့ကို အနိုင်မတိုက်နိုင်ရင်တောင် ကျမကိုတော့ ကာကွယ်သေးတာပဲ မဟုတ်လား။ ရှင်က နဇိုင်းရယ်ရဲ့ စစ်သည်ပါ။ ကျမ ရှင့်အတွက် သိပ်ကို ဂုဏ်ယူတယ်။ အရင်ဆုံး ဒဏ်ရာကို ကုလိုက်ရအောင် လက်စားချေဖို့ နောက်မကျသေးပါဘူး။”

“ အင်း ” သူ ထပ်ပြီး ဘာမှမပြောတော့ပဲ ခေါင်းညိတ်လိုက်သည်။

ဂူမန်မန် ဒုတိယလူကို ကယ်ဖို့ အဆင်သင့်ဖြစ်သော်လည်း သူ့ကို မ မနိုင်ဖြစ်နေသည်။

“ကိုယ် ခေါ်သွားလိုက်မယ်” လီရာက ဂူမန်မန်လက်ထဲက သားရေကို ယူကာ နှောင့်နှေးခြင်းမရှိပဲ လုပ်ကိုင်သွားသည်။

ဂူမန်မန် သက်ပြင်းချလိုက်သည်။ ရန်သူ့ရှေ့မှာ သူမနဲ့ လီရာ့ကြားက ကိစ္စကို ထုတ်မပြသင့်ပေ။ ယခုအချိန်တွင် မျိုးနွယ်စုက လူတွေကို ကယ်တာထက် ဘာမှ အရေးမကြီးနိုင်ပေ။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now