အခန်း (၁၈၃) : ငါက သေနေလို့လား
ဂူမန်မန် လုံးဝ ပြန်လှည့်မကြည့်ပဲ ဂူထဲကိုသာ ဝင်သွားသည်။
နီနာက အားကုန်သုံးကာ မတ်တပ်ရပ်လိုက်ရင်း လီရာအပေါ် မှီချင်နေသည်။ သို့သော် လီရာ့ အေးစက်စက် အကြည့်ကြောင့် သူမ ကြောက်ရွံ့သွားကာ သူမ ရပ်နေမြဲရပ်နေသည်။ သူမ ပါးစပ်တွင် သွေးတွေပြည့်နေပြီး စကားတောင် ကောင်းကောင်းမပြောနိုင်ပေ။
ထို့ကြောင့် ဗလုံးဗထွေးဖြင့် ပြောလိုက်သည် “ ရှင် ရက်အနည်းငယ်ကြာ ပြန်မလာတာကြောင့် ကျမ စိတ်ပူတယ်။ အဲ့တာကြောင့် ကျမ လိုက်ရှာခဲ့တာ…..ဂူမန်မန်က ကျမကို ခုလိုရိုက်မယ်ဆိုတာကိုတော့ ဘယ်သူသိမှာလဲ။ ကျမ မျက်နှာကို ကြည့်ပါဉီး သူမ ဘယ်လိုလုပ်သွားလဲဆိုတာ။ လီရာ ရှင် ကျမကို တစ်ချက်လောက်တော့ ကြည့်သင့်ပါတယ်”
လီရာ ဘာစကားမှမပြောချေ။
အဲလ်ဗစ်က စပြောသည် “ မင်းက ငါ့ကောင်မလေးကို ငါ့ပိုင်နက်ထဲမှာ ထိချင်ရအောင် ငါက သေနေလို့လား”
“ဒါပေမဲ့…” နီနာ သူမကိုယ်သူမ ကာကွယ်ချင်ပေမဲ့ အဲလ်ဗစ်က စကားဆက်မပြောချင်တော့သည့်အတွက် နောက်ဆုံးတစ်ခွန်းပြောကာ အဆုံးသတ်လိုက်သည်
“မင်း ဆောင်းတွင်း မတိုင်ခင် နယ်နှင်ဒဏ် ပေးမခံချင်ဘူးဆိုရင် ရှေ့လျှောက် ရှောင်မန့်ရှေ့ ပေါ်မလာပါနဲ့။ အဲလိုမှ မဟုတ်ရင်တော့….”
အဲလ်ဗစ်က ထိုစကားကို ပြောနေရင်း လက်သည်းကို ထုတ်ကာ မြေပြင်ကို ရိုက်ချလိုက်သည်နှင့် ကြီးမားသော အပေါက်ကြီးဖြစ်သွားသည်။
နီနာ ဘာမှမလုပ်ရဲလောက်အောင် ကြောက်ရွံ့နေသည်။
ဂူမန်မန် ငိုနေသောအသံနှင့် စန္ဒီက သူမကို နှစ်သိမ့်နေသောအသံကို ဂူထဲမှ ကြားနေရသည်။
အဲလ်ဗစ် လီရာ့ကို မျက်မှောင်ကြုတ်ကြည့်ရင်း မေးလိုက်သည် “မင်း ဘာလို့ ရုတ်တရက် ပေါ်လာရတာလဲ”
လီရာ သူ့လက်သူ ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည် “ သူမ လက်ဖဝါးက ဒဏ်ရာရနေတယ်။ သူမ ဆက်ရိုက်နေမယ်ဆိုရင် သွေးထွက်လာပြီး အဲ့ဒါက အရမ်းလည်း နာကျင်စေလိမ့်မယ်”
BẠN ĐANG ĐỌC
အလှလေး ရှောင်မန် (Myanmar translation) Book 2
Lãng mạnThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)