အခန်း (၁၇၈) : မမေးနဲ့ လုပ်သာလုပ်လိုက်
ဘာရီတီ သူတို့နောက်က လိုက်လာမှန်း အဲလ်ဗစ် သိသည်။ သို့သော် သူ့ကို တားရန် စိတ်ကူးမရှိပေ။
ဂူမန်မန်ကို ကာကွယ်ရန် တစ်ယောက်ပိုလာတာ ကောင်းပေသည်။
အကယ်၍ အန္တရာယ်ရှိလို့ တိုက်ခိုက်ရမယ်ဆိုလျှင် ဂူမန်မန်ကို ခေါ်ထုတ်သွားနိုင်တဲ့သူ ရှိသေးတာပေါ့။ ဒါက ကောင်းတဲ့အရာပေ။
ဂူမန်မန်က အဲလ်ဗစ်လို အာရုံခံနိုင်စွမ်း မရှိသည့်အတွက် အဲလ်ဗစ် လက်မောင်းကိုသာ ဆုပ်ကိုင်ထားရင် ပတ်ဝန်းကျင်ကို လေ့လာနေသည်။ သူမ အဲလ်ဗစ်ကို ရှေ့လှည့်လိုက် နောက်လှည့်လိုက် လုပ်ခိုင်းနေသည်။ အဲလ်ဗစ် လုံးဝ ဒေါသမထွက်ပဲ သူမ စိတ်ရှိတိုင်းသာ လုပ်ခွင့် ပြုထားသည်။
အမှန်တော့ ဒီမှာ စားလို့ရတဲ့ဟာတွေကအများကြီးဖြစ်သော်လည်း ဂူမန်မန် စမ်းမစားရဲပေ။ သူမ ရင်းနှီးကျွမ်းဝင်သည့် ဉယျာဉ် မတွေ့ခင်အထိပေါ့…..
ဝိုး ... အာလူးပန်းတွေ ....
အရင်တုန်းက ထိုပန်းကို ဂူမန်မန်က “ ကြီးမြတ်သောချစ်ခြင်း”ဟူသော ကိုရီးယားဒရမ်မာထဲတွင် တွေ့ဖူးသည်။ သူမ မှတ်မိသလောက်ဆိုလျှင် မင်းသမီးက မင်းသားအတွက် ဟင်းချက် ပေးမယ်လို့ ပြောပေမယ့် အကြောင်းအရင်း တစ်ချို့ကြောင့် ကတိဖျက်ခဲ့ရသည်။ မင်းသား ယူလာတဲ့ အာလူးက အညှောင့်ထွက်လာပေမယ့် ပန်းတော့မပွင့်ခဲ့ပေ။ တစ်နေ့မှာတော့ ကွင်းတစ်ခုလုံး အာလူးပန်းတွေနဲ့ ပြည့်သွားသည်။ ထို့နောက် မင်းသားက မင်းသမီးကို အပူတပြင်း လိုက်ရှာသော အခန်းအထိသာ မှတ်မိတော့သည်။
ထို့နောက် ဂူမန်မန် သူ့အခန်းဖော်ကိုလည်း သတိရသွားသည်။
ဘယ်သူက အာလူးပန်းခင်း ပန်းချီကို ချိတ်ထားမှာလဲ ....
ဒီလိုအချက်တွေကြောင့် သူမ ချက်ချင်းမှတ်မိခြင်းဖြစ်သည်။
သို့သော် ထိုအချိန်တုန်းက ဖရဲသီးကို ပိုက်ပြီး ဆိုဖာပေါ်လှဲနေသော ဂူမန်မန်သည် ထိုအချက်ဟာ သူမ ထမင်းတနပ်အတွက် အရေးပါလာနိုင်သည်ဟု ထင်ထားမည်မဟုတ်ပေ။
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)