အခန်း (၂၀၁) : ရယ်စရာကောင်းသော စိတ်ကူးယဉ်ခြင်း
ဂူမန်မန် ပြောသောစကားများကို နားထောင်ပြီးနောက် သူ့ကြောက်ရွံ့မှု ထိပ်ဆုံး ဖြစ်လာသည်။
မသေသေးပဲ အရေခွံချွတ်ခံရတာထက် ဘာကများ ပိုပြီး ဆိုးရွားနိုင်ဉီးမှာလဲ။
သူ အဲ့ဒါကို စဉ်းစားလိုက်တိုင်း ခန္ဓာကိုယ်ကပင် နာကျင်မှုကို ခံစားလာရသည်။ သူ အရမ်းမောက်မာခဲ့တာကို အခုချက်ချင်းပင် နောင်တရလာသည်။ သူ ဂူမန်မန့်ကို မတိုက်ခိုက်ခဲ့သင့်ပေ။ နဇိုင်းရယ်က ကာကွယ်ပေးနေသော ဂူမန်မန့်အခြေအနေကို သိချင်ရုံပင်ဖြစ်သည်။ သူမသာ သူ့ဆီမှာ လွယ်လွယ်နဲ့ အသတ်ခံလိုက်ရတယ်ဆိုပါက သူမက တခြားတစ်ယောက် ကိုယ်စား ဓားစာခံ ဖြစ်သွားသည်ကို သက်သေပြနေတာဖြစ်သည်။
သူ ဂူမန်မန့်ကို တွေ့လိုက်သောခဏအတွင်းမှာပင် သူမဟာ နတ်ဘုရားတမန်တော် ဖြစ်ကြောင်း သေချာသလောက် သိပြီဖြစ်သည်။
သူ သူမကို မမြင်ဖူးသော်လည်း သားရဲကမ္ဘာက တခြားဘယ် အမျိုးသမီးနဲ့မှ နှိုင်းယှဉ်လို့မရသော အလှရှိကြောင်းတော့ ကြားဖူးသည်။ ဒါကြောင့် သူတို့က တမန်တော် အသစ်ကို ရှာရန် လွှတ်လိုက်ခြင်းဖြစ်သည်။ သူ ယုံတာကတော့ သူ့မျက်လုံးတွေပဲဖြစ်သည်။ တမန်တော်ကို မမြင်ဖူးသော်လည်း မျိုးနွယ်စုမှ ဒဏ္ဍာရီများအရ မြင်မြင်ချင်း တန်းသိနိုင်သည်။
ယခုပင် ထိုအချက်ကို သက်သေပြနိုင်လိုက်ပြီဖြစ်သည်။ ဘိုးဘေးတွေ မှန်ခဲ့တာပဲ။
ဂူမန်မန် မီးတုတ်ကိုင်ပြီး မီးကို ကစားပြသည်ကို မြင်သောအခါ သူလုံးဝ ယုံကြည်သွားခဲ့သည်။
မမှားနိုင်ပေ။ တမန်တော်ဟောင်း ယူဆောင်လာခဲ့သော မီးတောက်နတ်ဆိုးသည် သူမလက်ထဲတွင် ဘာကြောင့် ကျိုးနွံနေရပါသနည်း။ ဒါကြောင့်လည်း ဂူမန်မန်ဟာ သူမ ဒယ်ဒီက နတ်ဘုရား ဖြစ်ကြောင်းပြောရာတွင် သူလုံးဝ သံသယ မဝင်ခဲ့ခြင်းဖြစ်သည်။ ပြီးတော့ မီးတောက်နတ်ဆိုးက ရန်လိုတတ်တယ်။ တမန်တော်ဟောင်းပင် အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပေ။ ဂူမန်မန်ကတော့ သူမ အိမ်မွေးတိရစ္ဆာန်လေးနဲ့ ကစားသလို လွတ်လွတ်လပ်လပ်ဖြစ်နေသည်။
STAI LEGGENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
Storie d'amoreThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)