အခန်း (၁၁၆)

1.9K 159 6
                                    


အခန်း (၁၁၆) : ငါ့ရဲ့ကျန်သက်တမ်း တစ်လျောက်လုံး မင်းကို ကာကွယ်ပေးပါ့မယ်

အဲလ်ဗစ်က ဂူမန်မန်ကို သူ့လက်ထဲ ဆွဲခေါ်လိုက်ပြီးတော့ ဘာရီတီကို အပေါ်စီးမှ ကြည့်လိုက်သည်။ သူက အမျိုးသား တစ်ယောက်ဆီမှ အခုလေးတင် သတ်လာသည့် သမင်ကို ဆွဲယူလိုက်ကာ သမင် သွေးကို ဘာရီတီ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ဘာရီတီ လည်ချောင်းမှ တဆင့် ခန္ဓာကို အားပြည့်လာစေရန် သွေးနွေးများ စီးဝင်သွားသည်။

ဘာရီတီ မျက်လုံးအိမ်က လှုပ်ရှားလာပြီး မျက်လုံးဖွင့်ကြည့်ရန် ကြိုးစားလိုက်သည်။ ပုံရိပ်လေး ဝေဝေဝါးဝါး မြင်လိုက်ရပြီး သူ့နှုတ်ခမ်းများက လှုပ်ရှားသွားလေသည် "ဂူ...မန်မန်.."

"အင်း ကျွန်မ ဒီမှာ ရှိတယ်... " ဂူမန်မန်က အဲလ်ဗစ် ပွေ့ဖက်မှုအတွင်းမှ လွတ်မြောက်ချင်သော်လည်း အဲလ်ဗစ်လက်က သံမဏိကဲ့သို့ မြဲမြံနေကာ သူမကို တစ်လမပင် အလွတ်မပေးချေ။ ဂူမန်မန်က လက်လျော့ရုံအပြင် ရွေးချယ်ခွင့် မရှိတော့ပေ။ ဘာရီတီကို စိတ်အားထက်သန်စွာ ကြည့်လိုက်ပြီးတော့ ပြောလိုက်သည် "ဘာလို့ အဲလောက် ရူးရတာလဲ သူတို့လုပ်ခိုင်းတိုင်း သုံးရက် သုံးည လုံးလုံး ဘာလို့ ဒူးထောက်နေခဲ့တာလဲ ခေါင်းမာတဲ့ လူကြီးရဲ့ ရှင့်အသက်သာ မရှိတော့ရင် ဘာမှ မကျန်တော့ဘူးလေ..."

"မင်း ဘေး...ကင်းနေသရွေ့ ငါ့အသက်က ကိစ္စမရှိပါဘူး..." ဘာရီတီက စကားပြောလိုက်တိုင်း လည်ချောင်းထဲမှ ဓားဖြင့် ခွဲသည့်အတိုင်း ခံစားနေရသည်။ သို့သော် ထိုနာကျင်မှုကပင် သူ့အား တမူထူးစွာ ပျော်ရွှင်စေသည်။ သူက သားရဲနတ်ဘုရားကို သူ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးသည့်အတွက် ကျေးဇူးတင်ရှိနေသည်။ သူ ကျန်ဘဝ သက်တမ်း တစ်လျောက်လုံးတွင် ဂူမန်မန်ကို အကာအကွယ် ပေးသွားပါ့မည်။ ထိုမှသာ သားရဲနတ်ဘုရားဆီ ရောက်သွားခဲ့လျှင် နောင်တတို့ မကျန်ရှိမှာ ဖြစ်၏။

"အရူး.." ဂူမန်မန်က သူမမျက်လုံးများ အရည်လဲ့လာသည်ဟု ခံစားမိလိုက်သည်။ သူက ရက်အနည်းငယ်သာ တွေ့ဖူးသော သူမအတွက် ထိုမျှ စတေးခံရန် အမှန်ပင် ဆန္ဒ ရှိနေသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now