page link လေးပါhttps://www.facebook.com/kyiphyu00/
အခန်း (၁၆၈) : လီရာ၏ တောင်းဆိုမှု
လီရာသည် အစကတည်းက ပြန်မသွားပဲ အဲလ်ဗစ်၏ ပိုင်နက်စည်းနားတွင် ပုန်းနေခြင်းဖြစ်သည်။ သူ ဂူမန်မန့်အသံကို ကောင်းကောင်းကြားရသလို သူမ ကိုယ်သင်းနံ့ကိုပင် ခံစားနိုင်လေသည်။ သူ့ကို ဂူမန်မန်က ခေါင်းစည်းရန် ပေးထားခဲ့သော သားရေအဝတ်ကို ခါနေစဉ် သူမက သူ့ကိုတွေ့ချင်သည် ဟု ကြားလိုက်ရသဖြင့် လှုပ်ရှားမှုများပင် ရပ်တန့်သွားရသည်။
ထို့နောက် သူလည်း သစ်ပင်နောက်မှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ အဲလ်ဗစ်က ဂူမန့်မန့်တောင်းဆိုချက်ကို မလိုက်လျောမချင်း ပိုင်နက်စည်းတွင်သာ ရပ်နေတော့သည်။
ဤနေရာကို သူ အကြိမ်ပေါင်းများစွာ ဝင်ထွက်ခဲ့သော်လည်း ယခုလို အစိမ်းသက်သက် ခံစားနေရသည်မှာ ပထမဆုံးပင်ဖြစ်သည်။ ဂူမန်မန် သူ့ကို ဘာပြောချင်နေလဲဆိုတာ သူမသိပေ။ သို့သော် သူမအသံကို နားထောင်ရသည်မှာ အတော်ပင်ကောင်းသည်။
စည်းမျဉ်းတွေအရ အဲလ်ဗစ်၏ ခွင့်ပြုချက်မရှိပဲ ဂူထဲကို သူဝင်ချင်တိုင်း ဝင်မရပေ။ ထို့ကြောင့် ဂူပေါက်ဝမှာသာ ရပ်ရင်း နေသည်။ ထိုအချိန်တွင် အဲလ်ဗစ်က ဂူမန်မန်ကို ပြောလိုက်သောစကားကို သူကောင်းကောင်း ကြားလိုက်ရသည် “ သူဒီမှာရောက်နေပြီ ၊ ဝင်လာဖို့ ကိုယ်သွားပြောပေးမယ်။”
ဂူမန်မန်က အဲလ်ဗစ်ကို တုန်ရီနေသည့် လက်နှင့် လှမ်းဆွဲလိုက်သည်။ သူမ လီရာ့ကို တွေ့ဖို့ ဆုံးဖြတ်ခဲ့သော်လည်း သူတကယ်ရောက်နေပြီဟု သိရသောအခါ တွေ့ရန် သတ္တိပင်မရှိတော့ပေ။
အကယ်၍…..အကယ်၍များ ငါက သူနဲ့ပေါင်းမယ်လို့ပြောတာတောင် သူက နီနာ့ကိုပဲ ရွေးချယ်နေဉီးမယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲ
“ဟင်” အဲလ်ဗစ်က ဂူမန်မန် ဘာစဉ်းစားနေမှန်းမသိတော့သည့်အတွက် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ဂူမန်မန်သည် အဲလ်ဗစ်လက်မောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လွှတ်မပေးသလို လီရာ့ကိုလည်း ဝင်လာခွင့်မပြုပေ။ သူမ စန္ဒီကို တစ်ချက်ကြည့်ပြီး ဂူမန်မန်မေးဖို့ သတ္တိရှိလာသည် “လီရာ ရှင် ဒီမှာလား”
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)