chapter 105 (Z)

1.5K 105 2
                                    


အခန်း (၁၀၅) : ဟီဟီဟီး

ဂူမန်မန်က ဘိုဒီကို စောင့်ကြည့်နေသော်ငြား သူက စကားကို ဆက်ပြောရန် စိတ်ကူးမရှိကြောင်း တွေ့လိုက်ရ၏။သူမက မျက်မှောင်ကျုတ်လိုက်ပြီးတော့ ကော်လင်းဗိုက်ကို ရိုက်လိုက်သည့်အခါ ကော်လင်း၏ ကောင်းမွန်စွာ တည်ဆောက်ထားသော ကြွက်သားများနှင့် ဂူမန်မန်၏ လက်နုနုလေး ထိတွေ့သောအခါ ခွက်ခနဲ အသံထွက်လာလေ၏။ ဂူမန်မန်က ဘိုဒီအား ခြိမ်းခြောက်ကာ ပျားတည်နေရာကို ပြောပြစေလိုသော်လည်း သူမက ကော်လင်းကြွက်သားများ တောင့်တင်းမှုကို အထင်သေးခဲ့မိသောကြောင့်  သူမ လက်ချောင်းများကား ထုံထိုင်းသွားလေသည်။

"အာ့...." ဂူမန်မန်က ငိုမဲ့မဲ့ ဖြစ်လာပြီး သူမ လက် ဆုံးရှုံးသွားသလား ဟုပင် ထင်မိလေသည်။

"ဂူမန်မန် မင်းလက် ဘာဖြစ်သွားတာလဲ.... အရမ်းနာနေလား..... တောင်းပန်ပါတယ် ငါ့ ကြောင့်......" ကော်လင်း နှလုံးသားက နာကျင်လာပြီး ဂူမန်မန် လက်ကို ဂရုတစိုက် ကိုင်ထားပေးလိုက်သည်။ သို့သော် ဘာလုပ်ရမှန်း မသိချေ "အော့လေကို နဇိုင်းရယ်မျိုးနွယ်စုကို ပြန်ခေါ်သွားခိုင်းလိုက်ပါ့လား.....လီရာကို ကုသခိုင်းလိုက်လေ..... အဝါရောင်အနှစ်ကို ဘိုဒီနဲ့ငါ့ဆီ အပ်ထားလိုက်.... ငါတို့ သေချာပေါက် မင်းဆီ ယူလာခဲ့မယ် ဟုတ်ပြီလား....."

ဘာလို့ ဂူမန်မန်က အင်းလို့ ပြန်မပြောတာလဲ......

သူမက သူမ ထုံထိုင်းနေသည့် လက်ကို ယမ်းလိုက်ရင်း ပြောလိုက်သည် "ဘာမှ မဖြစ်ပါဘူး... ကျွန်မ အဆင်ပြေတယ်....."

"ဒါပေမဲ့ ...." ကော်လင်းက သူမအတွက် စိတ်ပူနေလေ၏။ ဂူမန်မန် အရေပြားအောက်ရှိ ဆဲလ်တစ်ခုချင်းစီကို မြင်နိုင်စေရန် သူမျက်လုံးကို အိတ်စရေး ဓာတ်ရောင်ခြည်အဖြစ်‌ ပြောင်းလဲသွားစေချင်မိ၏။

"ရတယ် ဘာမှ မဖြစ်ဘူး..... ကျွန်မ ပြောတာ နားထောင်....." ဂူမန်မန်က ခါးထောက်လျှက် မတ်တပ်ရပ်လိုက်လေသည်။ သူမ ရန်လိုမှုတွေ ပျောက်ဆုံးသွားရင် ဘယ်လို လုပ်မလဲ...... သူမက ရှုံတွနေပေမဲ့ ဟန်ဆောင်ထားဆဲ ဖြစ်လေသည်။

"ဂူ....." ကော်လင်းက တခုခု ပြောချင်သော်လည်း ဂူမန်မန် လက်ချောင်းသည် သူ့နှုတ်ခမ်းသို့ ရောက်ရှိလာကာ တားဆီးလိုက်လေသည်။ ထိုစွဲဆောင်မှု ရှိသော မျက်နှာလေးသည် သူနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့၏။ ကော်လင်းက တံတွေးကို ဆက်တိုက် မျိုချလိုက်ပြီး ထပ်၍ မပြောတော့ပေ။

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora