အခန်း (၁၄၉) : လီရာက နီနာ ပါတနာအားလုံးကို မျက်စိတမှိတ်အတွင်း သတ်ပစ်ခြင်း
နီနာ ပါတနာများ ထွက်ပေါ်လာခြင်းသည် လီရာ အလိုရှိနေသော အရာ ဖြစ်၏။
သူလက်ချိုးပြီး အညောင်းအညာဖြေရင်း လီရာက ပြောလိုက်သည်
" နဇိုင်းရယ်မျိုးနွယ်ရဲ့ စည်းကမ်းတွေထဲက တခြားသူရဲ့ နယ်နမိတ်ကို မကျော်ရတဲ့ စည်းကမ်းပါတယ်။ မျိုးနွယ်စုရဲ့ နတ်ဆေးဆရာအနေနဲ့ ငါက မမြင်ချင်ယောင်ဆောင်မပေးနိုင်ဘူး ... "
နီနာ ပါတနာများက တစ်ယောက်နဲ့ တစ်ယောက် ကြည့်လိုက်ကြပြီး လီရာ စကားများက မှားဟန်ပေါ်သော်လည်း အားလုံးက အဓိပ္ပါယ်ရှိနေပေသည်။ လီရာကို ပြန်လည်ချေပရန် စဉ်းစားသော်လည်း စကားတစ်လုံးမျ ထွက်မလာပေ။ ထိုကိစ္စအတွက် မငြင်းခုံနိုင်ကြပေ။ နီနာ ပါတနာ တစ်ယောက်က လီရာခြေရင်းတွင် ဒူးထောက်ကာ သားရဲ အမိန့်ခံယူနေပုံ ပြုလုပ်နေလေသည်။ ထို့အပြင် သူတို့က လီရာကို မယှဉ်နိင်ကြပေ။
" ကျတော်တို့က နီနာကို ပြန်ခေါ်ချင်ရုံပါ။ စန္ဒီ နယ်နိမိတ်အတွင်း ဝင်ပြီး ကျူးကျော်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ လီရာ ... ကျတော်ပြောတာ နတ်ဆေးဆရာ ကျတော်တို့ကို ခွင့်လွှတ်ပေးပါ .... "
လီရာက နီနာပါတနာများကို ဘာမှပြန်မပြောပေ။ သူက လက်သည်းများကို တစ်ချောင်းချင်းစီ ထုတ်ကစားရင်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်
" နီနာကို ပြန်ခေါ်ရုံလေးလား .... မဖြစ်သေးဘူးလေ ... ငါ့ မန်မန်လေးက သူမကို အပြစ်ပေးဖို့ ပြောထားတယ် .... "
နီနာ ပါတနာများက ရှော့အကြီးအကျယ် ရသွားလေသည်။ သူတို့က လီရာကို မယုံကြည်နိုင်ဖွယ် ကြည့်ကာ
" ဒါပေမဲ့ နီနာက အမျိုးသမီးလေ .. "
လီရာ အပြုံးက စွဲမက်ဖွယ် ကောင်းသော်လည်း အဆိပ်ဆမ်းထားသည့်အလား ဖြစ်နေသည်။
" အမှန်ပဲ ... နီနာက အမျိုးသမီးပဲ ..."
လီရာက သူ့ရှေ့မှ ပိတ်နေသည့် နီနာ ပါတနာကို ဆွဲလိုက်ပြီးနောက် လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး လေထဲ ကန်ပစ်လိုက်လေသည်။ သို့သော်လည်း ထိုသူမှာ ပြန်လည်တိုက်ခိုက်ဖို့ရာ အင်အားမဲ့နေချေသည်။ လီရာက ပြုံးမြဲပြုံးနေဆဲ ဖြစ်ကာ တိုးတိုးသက်သက်သာသာ ပြောလိုက်သည်
KAMU SEDANG MEMBACA
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomansaThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)