အခန်း (၁၁၃)

2K 181 11
                                    


အခန်း (၁၁၃) : အဲတော့ ဘာဖြစ်လဲ

အဲလ်ဗစ်ဆီမှ 'တိုက်ပွဲ' ဟူ‌သော စကားလုံးသည် လူထုကို အံ့ဩသွားစေရုံသာမက အားလုံးက ပြောစရာ မဲ့သွားကြသည်။ သူတို့အားလုံက အသက်ကို အောင့်ထားကာ သူတို့ အသက်ရှုနှုန်းသာ အနည်းငယ် ကျယ်လာပါက ပြဿနာ ဖြစ်လာမည်ကို ကြောက်ရွှံနေကြ၏။

"အဲလ်ဗစ် ရှင်က သူမအတွက်နဲ့ အမျိုးသားအားလုံးကို သတ်မလို့လား..." အဲလ်ဗစ်က ဂူမန်မန်ကို ဖက်ထားတာ တွေ့သောအခါ နီနာက ဂူမန်မန်က အောက်ဆင်းလာပြီး သူမကို ရိုက်တော့မည် မဟုတ်ကြောင်း သိရှိလိုက်သည်။ ထို့အပြင် ခွန့်တ်က သူမဆီ ပြေးလာသောကြောင့် ပို၍ပင် သတ္တိကောင်းလာလေသည်။ ခွန့်တ်နောက်ကနေ ရှေ့တက်လှမ်းလိုက်ပြီး သူမသည် အဲလ်ဗစ်က ချန်ရှိမိန်ကဲ့သို့ ကြည့်ကာ စကားတစ်လုံးချင်းစီ ပြင်းထန်စွာ ဝေဖန်လိုက်သည်။

(ချန်ရှိမိန်သည် သစ္စာမရှိသော ၊ အသည်းနှလုံးကင်းမဲ့ကာ ရက်စက်တတ်သော အမျိုးသား ဖြစ်သည် )

"အရင်တုန်းက ကျွန်မက ရှင့်ကို ကျွန်မရဲ့ သားဖွားနိုင်စွမ်းကို သက်သေပြချင်ခဲ့တယ် ကျွန်မ အရွယ်ရောက်လာတဲ့ နှစ်မှာ ကျွန်မ လင်းယုန်တသိုက် မွေးဖွားပေးခဲ့တယ် ဒါပေမဲ့ ကျွန်မက ရှင့်အတွက် ဝံပုလွေအသိုက်ကို ပထမဆုံးမွေးပေးချင်တာမို့ ခွန့်တ်ကို အသိုက်ထဲက ဥတွေအားလုံးကို ခြေပစ်ခိုင်းခဲ့တယ် ရှင်သာ ကျွန်မနဲ့ မိတ်လိုက်သရွေ့ ဒီနှစ်တွေအတွင်းမှာ ရှင် ကျွန်မကို လျစ်လျူရှုတာကို အပြစ်မမြင်ပါဘူး နောက်နှစ် နွေဦးကျ မိတ်လိုက်ချိန်ကျရင် ရှင်နဲ့ မိတ်လိုက်ပြီးတော့ ရှင့်အတွက် ဝံပုလွေလေးတွေ မွေးပေးမယ်လေ ဂူမန်မန်ကို လက်လျော့လိုက်ပါနော် အခု ဆောင်းဝင်တော့မှာ အဲဒါကို သူမက မိတ်လိုက်ချိန် ဖြတ်ရတော့မှာလား အဲဒါကိုက အဆုံးသတ်မကောင်းဘူးလို့ ပြောနေတာပဲ ရှင်တို့နှစ်ယောက် မိတ်လိုက်ပြီးတော့ ကိုယ်ဝန်ရလာတယ်ဆိုရင်တောင် သူမလိုမျိုး ပိန်လှီနေတဲ့ ခန္ဓာကိုယ်က ဆောင်းတွင်းကို ဖြတ်နိုင်မယ် ထင်နေလား သူမက ရှင့်အတွက် ဘယ်လိုလုပ် ကျန်းမာတဲ့ သားပေါက်လေးတွေကို မွေးပေးနိုင်ပါ့မလဲ..."

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now