chapter 152 (U & Z)

2K 200 12
                                    


အခန်း (၁၅၂) : အရမ်း အရသာရှိတယ်

ဂူမန်မန်က အမှန်တကယ် ကြောက်ရွံ့နေသည်ကို မြင်ပြီး လီရာက သူမကို ဖက်ထားကာ ပြောလိုက်သည်

" မင်း မကြိုက်ရင် မသုံးတော့ဘူးလေ။ တခြားတစ်ခု စဉ်းစားပေးပါ့မယ် ..... "

ဂူမန်မန်က ချက်ချင်း ခေါင်းခါပြလိုက်သည်။ သူမက လီရာကို တခြားနည်းတွေးခွင့် မပေးရဲချေ။

မဟုတ်လျှင် နောက်တစ်ခါကျ ဘယ်သားရဲခေါင်းနဲ့ ပြန်ရောက်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ ....

ဂူမန်မန်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် အတွေးပေါ်လာလေသည်။ သူမက ဘိုဒီ မီးမွေးရန် ယူလာသည့် သစ်ကိုင်းကို ပြကာ ပြောလိုက်သည်

" အဲဒါဆိုရင် ရပြီ .... "

လီရာက သူမလက်ညွှန်ပြရင်း ကြည့်လိုက်သည့်အခါ ထိုသစ်ကိုင်းမှာ ဂူမနမန်လက်မောင်းလောက်ပင် မရှိကြောင်း မြင်လိုက်ရ၍ နားမလည်စွာ ကြည့်ရင်း "ဒါကြီးလား ... "

ဂူမန်မန်က ခေါင်းဆက်တိုက် ငြိမ့်ပြလိုက်ရင်း ပြောလိုက်သည်

" ဟုတ်တယ် ဟုတ်တယ် ဒါပဲ .... "

ဂူမန်မန် ပြောရင်း ပြေးသွားကာ သစ်သားအလယ်မှ အသားများ ထွင်းပြီး သစ်သား ပန်းကန်လုံး မလုပ်ခင် လီရာကို ဆယ်စင်တီမီတာလောက် အထူရှိသည့် သစ်ကိုင်းလေး ဖြတ်ခိုင်းလိုက်သည်။ သို့သော် ယနေ့မော်ဒန်ခေတ် ပန်းကန်လုံးများမှာ ကြွေရည်စိမ်ကြသည့်အတွက် တိုက်ရိုက်သုံးနိုင်သော်လည်း ယခုအရာကို တိုက်ရိုက်သုံးပါက သဲတလျှပ်လျှပ် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဂူမန်မန်က သစ်ပင်မှ သစ်ရွက်နှစ်ရွက်ခူးကာ တစ်ရွက်ကို ပန်းကန်လုံး အောက်ခြေမှ ခင်းကျင်းလိုက်သည်။ ထို့နောက် သူမက နောက်ပန်းကန် တစ်လုံးယူကာ သစ်ရွက်ဖြင့် ငါးအသားနှင့် စွတ်ပြုတ်ကို ထည့်လိုက်သည်။

သူများတွေကို အမြဲဂရုစိုက်တတ်သည့် ဂူမန်မန်က စန္ဒီဆီ ပန်းကန်လုံး လှမ်းပေးချင်သော်လည်း လီရာက အိုးနှင့် ဝေးရာသို့ ခေါ်ဆောင်သွားလေသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Donde viven las historias. Descúbrelo ahora