အခန်း (227)

2.2K 217 9
                                    

အခန်း (၂၂၇) : ပြောစရာ မရှိတော့ပေ

အဲလ်ဗစ်က  ဂူမန်မန်၏  ပြိုင်ဘက်ကင်းမှုနှင့် သားရဲကမ္ဘာက အခြေခံ ဗဟုသုတ တွေကို ဘာလို့နားမလည်လဲ ဆိုသည့်အချက်ကို  တဖြည်းဖြည်း အသားကျလာသည်။

ထို့ကြောင့် အဲလ်ဗစ် ဂူမန်မန့်ကို ဖက်ကာ ရှင်းပြလိုက်သည်

“ ဒီအမှတ် အမျိုးသမီး ခန္ဓာကိုယ်မှာ ရှိနေတဲ့ အကြောင်းက အကာအကွယ်တစ်ခု အနေနဲ့ပဲ ။ မင်း အန္တရာယ်နဲ့ ကြုံတဲ့အချိန် အဲ့ဒီ အမှတ်ကို ခပ်ကြမ်းကြမ်းပုတ်လိုက် အဲ့ဒါဆိုရင် ကိုယ် မင်းရှိတဲ့နေရာကို အာရုံခံပြီး မင်းကို လာကယ်မယ်။”

အဲလ်ဗစ် ဂူမန်မန့် ညှပ်ရိုးပေါ်က အမှတ်ကို ထိကာ ပြောလိုက်သည် “ ဒီကနေ ဆက်သွယ်လို့ရတယ်လေ”

အဲလ်ဗစ် ရင်ဘတ်ပေါ်ရှိ ဂူမန်မန့်လက်ကို သူက လက်ဖြင့်အုပ်ကိုင်လိုက်သောအခါ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမ ချိုသာစွာ ပြုံးလိုက်ပြီး အဲလ်ဗစ် ရင်ခွင်ထဲမှီချလိုက်သည်။

အဲလ်ဗစ်က ဂူမန်မန့် ပုခုံးလေးကို သိမ်းဖက်ကာ ပြောလိုက်သည်

“ ဒါပေမဲ့ အကယ်၍ အမျိုးသမီး အမှတ်က အမျိုးသားပေါ်မှာ ရှိခဲ့ရင် သူ အန္တရာယ်နဲ့ကြုံတွေ့တဲ့အခါ သူမလည်း နာကျင်ရလိမ့်မယ်။ ဖြစ်နိုင်တာက အမျိုးသားတွေက တိတ်တဆိတ် သေသွားလေ့ရှိတယ်။ တခြားပါတနာတွေကြောင့် သူမရဲ့ ပါတနာတွေထဲက တစ်ယောက် သေသွားတာတောင် သိမှာ မဟုတ်ဘူး။ ဒီလိုနည်းနဲ့ သူမက ပူပင်ကြောင့်ကြမရှိ နေနိုင်သွားတာပေါ့”

ဂူမန်မန် ပြောစရာ စကားမရှိပေ။ သူမ မစင်စားမိသလိုမျိုး အဲလ်ဗစ်ကိုစိုက်ကြည့်ကာ ပြောလိုက်သည် “ ဘယ်လို အချိုးမပြေတဲ့ အမျိုးသမီးမျိုးလဲ။ သူ့ ယောက်ျား သေသွားတာတောင် မသိရအောင်....”

အဲလ်ဗစ်က ပြုံးလိုက်ပြီး ဂူမန်မန်ပြောတာကို တွေးကြည့်နေသည်။

သူ သူမကို နောက်ဆုံးအကြိမ်ပြောပြီး လှည့်စားနေတာလား။

အဲလ်ဗစ် ပြုံးနေတာကို နားမလည်သည့်အတွက် ဂူမန်မန် သူ့ကို တံတောင်နှင့်ထိုးလိုက်ကာ မေးလိုက်သည် “ ဘာလို့ ပြုံးနေတာလဲ။ ဘာလို့ ယောက်ျားသေတာကို မသိကြတာလဲလို့ မေးနေတာလေ။”

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now